၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဟာ ၂၀၁၂ ဇန်န၀ါရီလအတွင်း အကျဉ်းထောင်များက ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်းတွင် ပြည်သူလူထုနဲ့ တွေ့ဆုံကာ ပွင့်လင်း လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးပြောဆိုနေကြသလို ပြည်သူလူထုရဲ့ လက်တွေ့ဘ၀ အခက်အခဲများကို ဖြေရှင်း လုပ်ကိုင်နိုင်မယ့် နည်းလမ်းများ တိုင်ပင် နှီးနှောနေခဲ့ကြပါတယ်။ ထိုသို့ ပြည်သူလူထုနဲ့ တိုက်ရိုက် ထိတွေ့ ဆွေးနွေးမှု လုပ်ငန်းစဉ်တခုအဖြစ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းဇေယျာ အပါအ၀င် အဖွဲ့ဝင် ငါးဦးပါ အဖွဲ့တဖွဲ့ဟာ ၂၀၁၂ မတ်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် စပါးကိုင်းကျေးရွာနဲ့ ရှမ်းစုကျေးရွာများသို့ လည်းကောင်း၊ မတ်လ ၁၁ ရက်နေ့က ဧရာဝတီတိုင်း၊ အဖျောက်မြို့နဲ့ ရွာသာကျေးရွာသို့လည်းကောင်း သွားရောက်ခဲ့ကာ ဒေသခံ မိဘပြည်သူများနဲ့ တွေ့ဆုံခဲ့ကာ ဒေသခံပြည်သူများရဲ့ တင်ပြ ဆွေးနွေးမှုများကို စိတ်ဝင်တစားနဲ့ ပြန်လှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
http://burmatoday.net/news.php?news 





Kuala Lumpur Time

0 comments:
Post a Comment