http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Mar 2012

အင်္ဂလန် မန်နေဂျာ ရာထူးအတွက် မှတ်ချက် မပေးရန် တားမြစ်သော စာကြောင့် ဖာဂူဆန် အံ့အားသင့်နေ

အင်္ဂလန် အသင်း မန်နေဂျာ ရာထူးအတွက် ၀င်ရောက် မှတ်ချက် မပေးပါရန် ပရီးမီးယား လိဂ်ထံမှ တားမြစ် တောင်းဆိုသော စာတစ်စောင် ရောက်လာခြင်းကြောင့် ဆာအဲလက်စ် ဖာဂူဆန် အနေဖြင့် အံ့အား သင့်နေကြောင်း သိရသည်။

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာကြီးသည် ပရီးမီးယားလိဂ် အဖွဲ့ချုပ် ထံမှ ပေးပို့သော အဆိုပါ စာလွှာကို လက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်အသင်း မန်နေဂျာ ဖြစ်လာမည်ဟု အထူး ရေပန်းစား နေသည့် တော့တင်ဟမ် ဟော့စပါး မန်နေဂျာ ဟယ်ရီရက်နပ် ကိုယ်တိုင်လည်း အလားတူ စာတစ်စောင် ရရှိခဲ့သည်။ ၎င်းသည် ဖေဘီယို ကာပယ်လို စွန့်ခွာသွားသည့် အလုပ်အကိုင် ရာထူးကို ဆက်ခံခွင့် ရမည့်သူ အဖြစ် အကြီးအကျယ် ထင်ကြေးပေး ခံနေရသည့် ပုဂ္ဂိုလ်လည်း ဖြစ်သည်။
အင်္ဂလန် မန်နေဂျာနေရာ အတွက် ရက်နပ်အား ထောက်ခံခဲ့သည့် ဖာဂူဆန်

“ဒီစာ ကျွန်တော့်ဆီ ရောက်လာတာ မယုံဘူး မဟုတ်လား။ ဘာအတွက်လဲ ဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော် ကိုယ်တိုင်လည်း ဒီကိစ္စကို ဆွေးနွေးဖို့ စိတ်ကူး မရှိခဲ့ပါဘူး” ဟု ဖာဂူဆန်က ဆိုသည်။ ဖာဂူဆန်သည် ရက်နပ် အင်္ဂလန် မန်နေဂျာ ဖြစ်စေလိုသော ပရီးမီးယားလိဂ် မန်နေဂျာများ အနက် တစ်ဦးအဖြစ် သတင်းများက ဖော်ပြခဲ့ဖူးသည်။ ၎င်းက “ရက်နပ်ကတော့ အကောင်းဆုံး ပုဂ္ဂိုလ် တစ်ယောက်ဆိုတာ ကျွန်တော် သံသယ မရှိဘူး။ သူဟာ အတွေ့အကြုံပိုင်း ကြွယ်ဝပြီး ပုဂ္ဂိုလ်ရေး အရလည်း ထူးချွန်သူပါ။ သူရှိနေရင် ကလပ် အသင်းတိုင်းရဲ့ အနာဂတ်ကို ပြောင်းလဲပစ်နိုင်တယ်” ဟု ရက်နပ်အပေါ် ချီးကျူးခဲ့ဖူးသည်။
ဘာအတွက်လဲဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော် ကိုယ်တိုင်လည်း ဒီကိစ္စကို ဆွေးနွေးဖို့ စိတ်ကူး မရှိခဲ့ပါဘူး...  soccer myanmar မှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif