၎င်းသည် လော့စ်အန်ဂျလိစ် ဂလက်ဆီ အသင်းနှင့်အတူ တိုရန်တိုတွင် သွားရောက် ကစားစဉ် အိမ်ရှင် ပရိသတ်၏ စည်းကမ်းမဲ့ ပြုမူမှုများနှင့် ရင်ဆိုင် ခဲ့ရသည်။ အင်္ဂလန် လက်ရွေးစင် အသင်း ခေါင်းဆောင်ဟောင်းသည် ၎င်းတို့အသင်း (၂-၁)ဖြင့် အရေး နိမ့်နေချိန်တွင် ထောင့်ကန်ဘော ကန်ရန် ပြင်ဆင်နေခိုက် ဘီယာဘူးဖြင့် အပေါက် ခံခဲ့ရသည်။ ထိုကိစ္စအတွက် ဘက်ဟမ်းက ပွဲကြီးကြပ်သူများထံ တိုင်ကြားခဲ့သည်။ တိုရန်တို ပရိသတ်က ဘက်ဟမ်းအား စိတ်အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်မှုသည် အပြည့်အ၀ မအောင်မြင်ခဲ့ဘဲ ၎င်း၏ တည်ကန်ဘောကို လန်ဒန် ဒိုနိုဗန်က ဂိုးအဖြစ် ပြောင်းလဲကာ သရေ ကျသွားခဲ့သည်။
ကွန်ကာရက်ဖ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ပထမအကျော့ ကစားစဉ် ပရိသတ်များသည် အသက်(၃၆)နှစ်ရှိ မန်ချက်စတာ ယူနိုက်တက်၊ အေစီမီလန်နှင့် ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်းကို ဦးတည် လှောင်ပြောင်ခဲ့ကြသည်။ ထို့အပြင် ကွင်းထဲသို့ ရောင်စုံ အ၀တ်စရှည်များ ပစ်သွင်းကာ ပွဲအနေအထားသည် တစ်ချိန်လုံး ပရမ်းပတာ ဖြစ်နေခဲ့သည်။ ဘက်ဟမ်းက “တကယ်တော့ ဒီညမှာ ကစားရတာ ပွဲကောင်း တစ်ခုပါ။ ပရိသတ် အများစုကို ကျွန်တော် သဘော ကျပါတယ်။ တချို့ လူနည်းစု ပရိသတ်တွေကတော့ ရှက်စရာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီပွဲအပေါ် ကျေနပ်ပါတယ်” ဟု ပြောကြားသွားသည်။
ပရိသတ် အများစုကို ကျွန်တော် သဘော ကျပါတယ်။ တချို့ လူနည်းစု ပရိသတ်တွေကတော့ ရှက်စရာပါပဲ...
၎င်းက ဆက်လက်၍ “ကျွန်တော်တို့ (၂)ဂိုး ရှုံးနေကတည်းက မစိုးရိမ်ပါဘူး။ ကျွန်တော်တို့ အခွင့်အလမ်းတွေ ဖန်တီး နေနိုင်တယ်လေ။ ဒိုနိုဗန်ကတော့ အမြဲတမ်း အန္တရာယ် ပေးနိုင်တဲ့ ကစားသမား ဆိုတာ သက်သေ ပြနိုင်ခဲ့ပါတယ်။ သူနဲ့ ပြန်ပူးပေါင်း နိုင်တာကို ကျွန်တော် ကျေနပ်မိတယ်” ဟုလည်း ပြောဆိုသွားခဲ့သည်။ soccer myanmar မှကူးယူတင်ပြသည်
0 comments:
Post a Comment