ဘယ်လ်ဂျီယံ နိုင်ငံရှိ အပျော်တမ်း ကလပ်အသင်း ပွဲစဉ် တစ်ခုတွင် ဒိုင်ဖြစ်သူ၏ အနီကတ် ပြရန် ဆုံးဖြတ်ချက် အပေါ် အပြင်းအထန် ဝေဖန်မှုများ ထွက်ပေါ် လာခဲ့သည်။
ကစားသမား တစ်ဦးသည် ကွင်းအတွင်းမှ ထမ်းစင်ဖြင့်ပင် ထွက်သွား ရသော်လည်း ၎င်းသည် အမူပိုပို ဟန်ဆောင် လှဲချသည်ဟု ဒိုင်လူကြီးက အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ တိုက်စစ်မှူး ဂျူလီယန် လီကွမ်တီသည် တစ်ဖက်အသင်း ခံစစ်သမားနှင့် ထိခိုက် မိပြီးနောက် ကွင်းအတွင်း လဲကျ သွားခဲ့သည်။ ၎င်းသည် နာကျင်မှု ဝေဒနာကို ခံစား နေရပြီး ပြန်ပင် မထနိုင်ဘဲ ရှိနေရာ ဆေးဝန်ထမ်း အဖွဲ့က ကွင်းအတွင်းထိ လာရောက် ပြုစုခဲ့ရသည်။ သို့သော်လည်း ဒိုင်လူကြီးက လီကွမ်တီသည် ဟန်ဆောင် လှဲချခြင်းဟု သတ်မှတ်ကာ ၎င်းကို ထမ်းစင်ဖြင့် ထုတ်သွားချိန်တွင် ဒုတိယ အ၀ါကတ် ပြကာ အနီကတ်ဖြင့် ထုတ်ပယ်လိုက်သည်။
ထိုကိစ္စကို တွေ့မြင် လိုက်ရသည့်နောက် လီကွမ်တီ၏ အသင်းဖော်များသည် ဒိုင်လူကြီးအား အကြီးအကျယ် မကျေမနပ် ဖြစ်ကာ စောဒက တက်ပြီး ပဋိပက္ခများ ဖြစ်လာခဲ့သဖြင့် လက်ထောက် ဒိုင်များက အကာအကွယ် ပေးခဲ့ရသည်။ နောက်ပိုင်း ဆေးစစ်ချက်များ အရ လီကွမ်တီသည် အမှန်တကယ် ဒဏ်ရာ ရသွားပြီး ဆေးရုံပါ တင်ခဲ့ရကြောင်း သိရသည်။ ပိုဆိုးသော အချက်မှာ အပြီးသတ် စစ်ဆေးမှုများ အပြီးတွင် ၎င်းသည် ဦးနှောက် အနည်းငယ် ထိခိုက်မှုပင် ဖြစ်ခဲ့ပြီး ကျောရိုးမှ အဆစ်(၃)ခု လွဲသွားသည် အထိ ဆိုးရွားခဲ့ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။
ဒိုင်လူကြီးက လီကွမ်တီသည် ဟန်ဆောင်လှဲချခြင်းဟု သတ်မှတ်ကာ ၎င်းကို ထမ်းစင်ဖြင့် ထုတ်သွားချိန်တွင် ဒုတိယ အ၀ါကတ်ပြကာ အနီကတ်ဖြင့် ထုတ်ပယ်လိုက်... soccer myanmarမှကူးယူတင်ပြသည်
0 comments:
Post a Comment