ချယ်လ်ဆီးက ၎င်းကို ထုတ်ပယ် ခဲ့ချိန်တွင် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် လုံးဝ အံ့ဩမှု မရှိခဲ့ဟု ဘိုအာ့စ်၏ မိတ်ဆွေဖြစ်သူ အိုဝင်ကွိုင်းလ်က ပြောကြားလိုက်သည်။
ဘော်လ်တန် အသင်း မန်နေဂျာ ကွိုင်းလ်က အသက်(၃၄)နှစ်အရွယ် ပေါ်တူဂီသားသည် ယင်းအခြေအနေကို ကြိုတွေးထားပြီး ဖြစ်ဟန်တူကြောင်း သုံးသပ်ခဲ့သည်။ ကွိုင်းလ်နှင့် ဘိုအာ့စ်တို့သည် စကော့တလန်တွင် UEFA အသိအမှတ်ပြု ပရိုလိုင်စင် နည်းပြသင်တန်း တက်ရောက်ရာ၌ ခင်မင် ခဲ့ကြသည်။ ထို့အပြင် ဘော်လ်တန် နောက်ခံလူ ဂယ်ရီကာဟေးလ်ကို ချယ်လ်ဆီးက ဆောင်းရာသီ ဈေးကွက်အတွင်း ခေါ်ယူချိန်၌လည်း ၎င်းတို့နှစ်ဦးပင် အဓိက ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
ဘိုအာ့စ်ဟာ တကယ် စိတ်ရှုပ်ခဲ့တယ်။ ဒါပေမဲ့ သူ အံ့ဩခဲ့သလား ဆိုရင်တော့ မဟုတ်ပါဘူး။ သူက ကိုယ့်စွမ်းဆောင်မှုအပေါ် ကိုယ်တိုင်လည်း ယုံကြည်ချက် ရှိခဲ့တယ်...
ကွိုင်းလ်က “ဘိုအာ့စ်ဟာ တကယ် စိတ်ရှုပ်ခဲ့တယ်။ ဒါပေမဲ့ သူ အံ့ဩခဲ့သလား ဆိုရင်တော့ မဟုတ်ပါဘူး။ သူက ကိုယ့်စွမ်းဆောင်မှု အပေါ် ကိုယ်တိုင်လည်း ယုံကြည်ချက် ရှိခဲ့တယ်။ သူချယ်လ်ဆီးမှာ ဘယ်လို ကြိုးစားခဲ့တယ်ဆိုတာ သူကိုယ်တိုင် အသိဆုံးပဲလေ။ ဘိုအာ့စ် ဖြစ်စေချင်ခဲ့တာက ချယ်လ်ဆီးကို သူ့အမြင်နဲ့ ဖန်တီးထားတဲ့ ငယ်ရွယ်နုပျိုတဲ့ အင်အားစုမျိုး အဖြစ် ဖန်တီးဖို့ပါ။ ဘာပဲဖြစ်ဖြစ် လက်ရှိ သူကြုံလိုက်ရတဲ့ အတွေ့အကြုံကနေ ဘိုအာ့စ်ဟာ ပိုပြီး သန်မာ လာပါလိမ့်မယ်” ဟု မှတ်ချက် ပြုသွားသည်။ soccer myanmarမှကူးယူတင်ပြသည် ၊၊9march,2012
0 comments:
Post a Comment