ဒီသတ္တဝါတွေ ကြည့်လိုက်ရင် ကမ္ဘာမြေနဲ့ အလင်းနှစ် သန်းပေါင်းများစွာ ကွာဝေးတဲ့ ဂြိုဟ်တစ်လုံး ပေါ်က ဂြိုဟ်သားတွေ များလား လို့တောင် အောက်မေ့ ရပါတယ်။ ဂြိုဟ်သား တွေလို သူတို့ရဲ့ရုပ်က အကျည်းတန် ဆိုးလွန်း နေတာကိုပဲ ကြည့်ပါတော့။
ဒါပေမယ့် သူတို့က တခြားဂြိုဟ် တစ်ခုပေါ်က ဂြိုဟ်သားတွေ မဟုတ်ပါဘူး။ ကမ္ဘာမြေရဲ့ အနက်ရှိုင်းဆုံး သမုဒ္ဒရာ ရေအောက် ကြမ်းပြင်တွေမှာ သွားလာ နေထိုင်ကြတဲ့ ပိုး ကောင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဖိအားအလွန်တရာ များလွန်းပြီး နေရောင်ခြည် လုံးဝ ထိုးဖောက် မရောက်ရှိ နိုင်တဲ့ ရေအောက် အနက် မီတာ (၁၀ဝ၀) ကျော် လောက်မှာ ကျက်စား နေကြတာပါ။
သူတို့ကို တွေ့ခဲ့တာဟာ တခြားဂြိုဟ် တစ်ခု ပေါ်မှာလည်း သက်ရှိတွေရှိနေနိုင် တယ် ဆိုတာကို ထင်ထင်ရှားရှား အသိပေးနေသလိုပါပဲ။ အထဲသွင်း လိုက်ထုတ် လိုက် လုပ်နိုင်တဲ့ ကြောက်မက်ဖွယ် ပါးစပ်တွေ ရှိတာကြောင့် လည်း သူတို့ရဲ့ သားကောင်တွေကို အလွယ်တကူ စားသောက်နိုင်ပါ တယ်။
သူတို့ရဲ့ ခန္ဓာကိုယ်အရှည်က တော့ ၂-၃ စင်တီမီတာလောက်ပဲ ရှိ တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) အထိ သူတို့ဟာ လူမသိ သူမသိဝန်းကျင်ဂေဟစနစ်နဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ရှိနေခဲ့ကြပေမယ့် ၁၉၇၀ နောက် ပိုင်း ကာလတွေမှာ နည်းပညာ တိုးတက် ဖွံ့ဖြိုးလာတာကြောင့် သိပ္ပံပညာ ရှင်တွေဟာသမုဒ္ဒရာရေအောက် ကြမ်း ပြင်တွေကို လေ့လာခွင့် ရရှိခဲ့ပြီး ရေ အောက်ကမ္ဘာရဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို တွေ့ရှိခဲ့ ကြမ်းပြင် တွေကို လေ့လာခွင့်ရရှိခဲ့ပြီး ရေ အောက်ကမ္ဘာရဲ့ထူးဆန်းတဲ့သတ္တဝါ တွေကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ရေအောက်မှာ သူတို့နေထိုင်တဲ့ နေရာတွေကလည်း အထူးသဖြင့် ငလျင်၏ အနားတွေမှာ ရှိတဲ့ အက်ကွဲကြောင်းတွေ မီးတောင် ထိပ်ဝတွေမှာ နေထိုင်ကြတာကြောင့် ထူးခြား တယ်လို့ဆိုရမှာပါ။ ဒါ့ပြင် အလွန် ပူပြင်းတဲ့ရေတွေကြောင့် ထူးခြား တယ်လို့ဆိုရမှာပါ။
ဒါ့ပြင် အလွန် ပူပြင်းတဲ့ ရေတွေနဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးပြီး အဲဒီပစ္စည်းတွေ ဟာ သူတို့လိုသတ္တဝါတွေအတွက် နေအိမ်သဖွယ် ဖြစ်စေတယ်လို့ သိရပါတယ်။ အလင်းရောင် မရရှိလို့ Photosynthesir နည်းနဲ့ အစာမချက်လုပ်နိုင်ပေမယ့် သူတို့ ရဲ့ စွမ်းအင်တွေကိုတော့ ဓာတု ပစ္စည်းကနေ ရရှိပြီး အသက်ရှင်ဖို့ ဘက်တီးရီးယားပိုးတွေကို မှီခိုနေ ရတယ်လို့ သိပ္ပံပညာ ရှင်တချို့က ယုံကြည်နေပါတယ်။ http://www.yoyarlay.com/

Kuala Lumpur Time

0 comments:
Post a Comment