အိန္ဒိယ လေကြောင်းလိုင်း မှာ ဥရောပ သမ္မဂ္ဂမှ သတ်မှတ်သည့် ကာဘွန် ထုတ်လွှတ်မှု အတွက် ဒဏ်ကြေး ပေးဆောင်ရမှုကို သပိတ် မှောက်လိုက်ပြီ
ဖြစ်ကြောင်းမြို့ပြ လေကြောင်း ပျံသန်းမှု ဝန်ကြီး Ajit Singh မှ ပြောကြား လိုက်ပြီ ဖြစ်သည်။ အိန္ဒိယ နိုင်ငံရှိ လေကြောင်း လိုင်းများ အနေဖြင့် ၎င်း၏ ကာဘွန် ထုတ်လွှတ် ထားမှု အသေးစိတ်ကို လာမည့် မတ်လ ၃၁ ရက်နေ့ မတိုင်မီ အတွင်း တင်ပြရန် အီးယူမှ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် Singh မှ ပြောရာ၌ ယခုကိစ္စ အတွက် အစိုးရ၏ ရှု့မြင့်မှုနှင့် ပတ်သက်ပြီး လေကြောင်း လိုင်းများမှာ အီးယူသို့ တင်ပြခဲ့ခြင်း မရှိခဲ့ကြောင်းလည်း ပြောခဲ့သည်။ လွန်ခဲ့သည့် လကလည်း တရုတ် နိုင်ငံမှာ ၎င်းတို့၏ လေကြောင်းလိုင်းများ အနေဖြင့် အီးယူသို့ ကာဘွန်ကြေးများကို ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သေးသည်။ အလားတူပင် ရုရှားနှင့်အမေရိကန်တို့ကလည်း အဆိုပါ ကာဘွန် ထုတ်လွှတ်မှု အတွက် လျော်ကြေး မပေးရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။ http://www.mrtv4.net.mm/news

0 comments:
Post a Comment