ဝက်စ်ဟမ်း အသင်းဟာ အိုလံပစ် အားကစား ကွင်းကြီးနဲ့ ပတ်သက်တဲ့ သဘောထားကို ထုပ်ပြန်ချက် တစ်ခု ကြေညာ သွားခဲ့ကြောင်း သိရပါတယ်။
ဝက်စ်ဟမ်း အသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ကာရန်ဘရက်ဒီက အဆိုပါ ကြေညာချက်ကို မနေ့က နေ့လည်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ၀က်စ်ဟမ်း အသင်းရဲ့ အဓိက သဘောထားဟာ အိုလံပစ် ကစားနည်းများကို အဆင့်မြင့် ကွင်းကြီးမှာ ကစားစေလိုတဲ့ ရည်ရွယ်ချက်ကြောင့် အချိန်များစွာ ယူပြီး အဆိုပါ စီမံကိန်းကို ကြိုးစား လာခဲ့တာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။
ဝက်စ်ဟမ်း အသင်းရဲ့ ထုတ်ပြန်ချက် အတွင်းမှာတော့ ၀က်စ်ဟမ်း အသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက အိုလံပစ် အားကစားကွင်း အတွက် နှစ်မြုပ်ခဲ့ရတာ ဖြစ်ကြောင်း ၊ ၀က်စ်ဟမ်း အသင်းဟာ အိုလံပစ် အားကစား ကွင်းကြီးကိုသာ မှီခို အားထားရာ ဖြစ်လာဖို့ ရည်ရွယ်ထားပြီး ကစားကွင်း အတွက်သာ အရာရာ ရင်းနှီးမြုပ်နှံခဲ့တာ ဖြစ်ပြီး အသင်းရဲ့ အမည်ကို အသုံးပြုခွင့်ရဖို့ ရည်ရွယ်ခဲ့ကြောင်း ၊ ဒါပေမယ့် အသင်းရဲ့ ရည်ရွယ်ချက်မှာ အိုလံပစ် အားကစား ကွင်းကြီးကို လန်ဒန်မြို့ရဲ့ အဓိက ကျက်သရေဆောင် ဖြစ်လာဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး သမိုင်းတွင်ကျန်ရစ်စေဖို့ အထိ ရည်ရွယ်ထားကြောင်း ၊ ဒါကြောင့် အိုလံပစ် အားကစား ကွင်းကြီးကို ကမ္ဘာ့ အဆင့်မှီ အားကစားကွင်းကြီး အဖြစ် တည်ရှိ လာစေဖို့ ရည်ရွယ်ထားခဲ့ကြောင်း ၊ အင်္ဂလန် နိုင်ငံရဲ့ အိုလံပစ် အားကစား အတွက်လည်း များစွာ အကျိုးဖြစ်ထွန်းစေဖို့ ရည်ရွယ်ထားတာ ဖြစ်ကြောင်း အစရှိသဖြင့် ၀က်စ်ဟမ်း အသင်းရဲ့ သဘောထားကို ထုတ်ပြခဲ့တာ တွေ့ရပါတယ်။ ၀က်စ်ဟမ်း အသင်းဟာ အဆိုပါ အိုလံပစ် အားကစားကွင်း မှုပိုင်ခွင့် အတွက် များစွာ အချိန်ပေး ကြိုးစားခဲ့ပြီး ပရိသတ်တွေရဲ့ထောက်ခံမှုကိုလည်း ရရှိခဲ့ကြောင်း သိရှိရပါတယ်။
http://www.mrtv4.net.mm/news/

0 comments:
Post a Comment