http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

မိဘမဲ့နှင့် နွမ်းပါးသော ကလေးငယ် ၂ဝဝ ဦးအား ရှင်ပြုပေးမည်


မိဘမဲ့နှင့် ဆင်းရဲချို့တဲ့သူ ကလေးဦးရေ ၂ဝဝ အား နွေရာသီ ရှင်ပြုပွဲ ကျင်းပမည်ဖြစ်သဖြင့် ဧပြီလ ၁၉ ရက်နေ့တွင် အမည် စာရင်းကို ရွှေဝါဝင်း မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်းတိုက်သို့ စာရင်း သွင်းနိုင်ကြောင်း သိရသည်။
”မနှစ်တုန်းက ရှင်အပါး ၁ဝဝ ရှင်ပြုပေးတယ်။ ဒီနှစ်မှာတော့ အပါး ၂ဝဝ ဖြစ်မယ်။ သီလရှင်အပါး ၁ဝဝ ထပ်တိုးပြီး ကုသိုလ်ပြုမယ်။ မနှစ်က မိဘမဲ့ ကလေးတွေကို ရည်ရွယ်တာပါ။ ဒါပေမဲ့ ဆင်းရဲချို့ တဲ့ ကလေးတွေပါ ရှင်ပြုပေးခဲ့ တယ်။ ဒီနှစ်မှာလည်း မည်သူမဆို ကုသိုလ် ယူနိုင်တယ်”ဟု ဒေါက် တာ အရှင်အာသဘ (Ph.D,M.A, B.A) က မိန့်သည်။
အဆိုပါ ရှင်ပြုပွဲအား ဧပြီလ ၂ဝ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ခုနစ် ရက်တိုင်တိုင် ပြုလုပ်ပေးမည် ဖြစ်ပြီး၊ ရှင်ဒါယကာ၊ ဒါယိကာမ အဖြစ် ခံယူလိုသူ အလှူရှင်များ အနေဖြင့် ဖုန်း-ဝ၉၅၁၂၉၆၅၆၊ ဖုန်း-ဝ၉-၇၃၁၈၁၅ဝ၂၊ ဖုန်း-ဝ၉၅ဝ၄၁၄၇၁ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ယခုလက်ရှိတွင် နွေရာသီ ယဉ်ကျေးလိမ္မာ အထူးတရား စခန်းပွဲကို ကလေးဦးရေ ၃ဝဝ ဖြင့် ဒေါက်တာအာသဘ (Ph.D) က ဦးစီး၍ သွန်သင် ပြသနေကြောင်း သိရသည်။      http://popularmyanmar.com/mpaper/archives/40097

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif