http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Mar 2012

အလုပ်သမားရေးရာဆန္ဒပြမှုများ ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့် ဥပဒေနှင့် မသက်ဆိုင်

နိုင်ငံတော်သမ္ဓတ၏ လက်မှတ်ရေးထိုး ထုတ်ပြန်မှုဖြင့် မတ်လ ၉ ရက်နေ့တွင် စတင်အာဏာတည်ခဲ့သည့် အလုပ် သမား အဖွဲ့အစည်း ဥပဒေအရ အလုပ် သမားရေးရာ ကိစ္စရပ်ဖြင့် ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် ရက်စွဲဖြင့် ပြဋ္ဌာန်းထားသည့် ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေနှင့် အကျုံးဝင်ခြင်း မရှိဘဲ သီးခြား ဆောင်ရွက်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊အလုပ်သမား ညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။
"မဆိုင်ဘူး။ ပြည်ထဲရေးရဲ့ လွတ်လပ် စွာ စီတန်းလှည့်လည်ခွင့် ဥပဒေက သတ်သတ်။ အဲဒါက အလုပ်သမား မဟုတ်တဲ့ လူတွေ အတွက် (ငြိမ်းချမ်း စွာ စုဝေးစီတန်းလှည့်လည် ဆန္ဒပြသ၍)ရတယ်"ဟု ၎င်းက ပြောသည်။
သီးခြားဖြစ်သည့်အတွက် အလုပ် သမားရေးရာကိစ္စရပ်ဖြင့် ဆန္ဒဖော်ထုတ် လိုသူများအနေဖြင့် နည်းဥပဒေကို စောင့်ဆိုင်းနေသည် ဟုဆိုသည့် ငြိမ်း ချမ်းစွာစုဝေး၊ စီတန်း လှည့်လည်ခွင့် ဥပဒေအာဏာ သက်ဝင်ချိန်ကို စောင့် ဆိုင်းရန် မလိုအပ်သကဲ့သို့ ယင်းဥပဒေ ပါ ပြဋ္ဌာန်းချက်များဖြစ်သည့် မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆန္ဒပြခွင့် လျှောက်ထား ခြင်းစသည်များဆောင်ရွက်ရန် မလိုအပ် ကြောင်း သိရသည်။
အလုပ်သမား အဖွဲ့အစည်းဥပဒေ သစ်အရ ဆန္ဒထုတ်ဖော်လိုသူများသည် စီတန်းလှည့်လည်၊ ထိုင်သပိတ်၊ ကြွေး ကြော်သံ ကြွေးကြော် စသည့် ဆန္ဒပြ နည်းလမ်း၊ နေရာ၊ ဆန္ဒပြအချိန်ကာလ၊ နေ့ရက်၊ လူအင်အားဆိုင်ရာ အချက် များကို ဆန္ဒဖော်ထုတ် လိုသူများက အများဆန္ဒနှင့် ရွေးချယ်ကာ လုပ်ငန်း အမျိုးအစားအလိုက် ဖွဲ့စည်းထားရှိ မည့် သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ထံ အဆိုပြု လျှောက်ထားရ မည်ဖြစ်ပြီး အဖွဲ့ချုပ်ခွင့်ပြုချက်ရပါက ဆန္ဒပြနိုင်ပြီဖြစ်ကြောင်း မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စု မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ် သည့် အလုပ်သမားအဖွဲ့အစည်း ဥပဒေ/နည်းဥပဒေ ရှင်းလင်းပွဲတွင် ၎င်းကပြောသည်။
ဤဥပဒေအရ အများပြည်သူဆိုင် ရာ မရှိမဖြစ် လုပ်ငန်းများဖြစ်သည့် ရေပေးဝေရေ။၊ လျှပ်စစ်၊ မီးသတ်၊ ကျန်းမာရေးဝန်ဆောင်မှု၊ တယ်လီကွန်း ဆက်သွယ်ရေး၊ ရုပ်သံလွှင့်လုပ်ငန်းများ တွင် အလုပ်ရှင်မှ အလုပ်ပိတ်ခြင်း (အလုပ်ခွင် ယာယီပိတ်၊ ခေတ္တရပ်ဆိုင်း သို့မဟုတ် အလုပ်သမားများကို ဆက် လက်အလုပ် လုပ်ခွင့်မပြုခြင်း)၊ အလုပ် သမားများမှ သပိတ်မှောက်ခြင်း လုံးဝ မပြုလုပ်ရ ကြောင်း သိရသည်။
"ဒီသတ်မှတ်ချက်က အိုင်အယ်လ်အို (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ်)ရဲ့ အကြုံပြုချက်ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
မရှိမဖြစ် မဟုတ်သော်လည်း အများ ပြည်သူဆိုင်ရာဝန်ဆောင်မှု လုပ်ငန်း အဖြစ် သတ်မှတ်ထားသည့် သယ်ယူပို့ ဆောင်ရေး၊ ကျန်းမာရေးဆိုင်ရာ သန့် ရှင်းရေး စသည့် ဥပဒေပါလုပ်ငန်း ကိုးမျိုး (စက်မှုလက်မှု၊ ကုန်ထုတ်လုပ် ငန်း စသည်များ မပါဝင်) နှင့်ပတ်သက် ၍ ဆန္ဒပြသလိုပါက အလုပ်သမား အင် အားကို အလုပ်ရှင်နှင့်ညှိနှိုင်း၍ လုပ် ငန်းဆက်လက် လည်ပတ်စေနိုင်မည့် အရေအတွက်ကို လုပ်ငန်းတွင်ချန်ထား ရမည်ဟု သိရသည်။
"လုပ်ငန်းခွင်မပျက် သပိတ်မှောက် ခွင့် ပေးရပါမယ်။ အခုလိုကြီး လုံးဝ စက်ရုံ၊ အလုပ်ရုံတွေ ရပ်သွားတဲ့အထိ လုပ်ခွင့် မပေးပါဘူး"ဟု ၎င်းက ပြောသည်။
အများပြည်သူဝန်ဆောင်မှု လုပ်ငန်း မဟုတ်သော်လည်း အငြင်းပွားမှုတွင် ပါဝင်သူ (အလုပ်ရှင်)တွင် ပြန်လည် အစားထိုးမရအောင်၊ သို့မဟုတ် အလွန် အမင်း ထိခိုက်စေလျှင် လုံးဝ သပိတ် မမှောက်ရသည့် မရှိမဖြစ် လုပ်ငန်း သတ်မှတ်ချက်သို့ ပြောင်းလဲလာမည် ဖြစ်ကာ ချက်ချင်း သပိတ်လှန်ကာ လုပ်ငန်းခွင်သို့ ပြန်ဝင်ရမည် ဖြစ် ကြောင်းလည်း ၎င်းကပြောသည်။
အလုပ်သမားအဖွဲ့အစည်း ဥပဒေ အာဏာတည်ပြီး ဖြစ်သည့်အတွက် ယခု ဥပဒေနှင့် မညီညွတ်သည့် အလုပ်သမား ရေးရာ ဆန္ဒ ဖော်ထုတ်မှု သပိတ်များကို တည်ဆဲဥပဒေနှင့်အညီ တားဆီးအရေး ယူမည်ဖြစ်ကြောင်း သိရသည်။ ဥပဒေသစ်ပါ အလုပ်သမားများ၏ ဆန္ဒဖော်ထုတ်မှုဆိုင်ရာများ အကောင် အထည် ပေါ်လာရေးအတွက် ယင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်မည့် သက်ဆိုင်ရာ အလုပ် သမား အဖွဲ့ အစည်း အဆင့်ဆင့်များ၊ ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့နှင့် အလုပ်ရှင် အဖွဲ့အစည်း အဆင့်ဆင့်များ ပေါ်ပေါက်လာရေးမှာ လတ်တလော အဓိကလိုအပ်ချက် ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင် ရွက်သူများက ပြောသည်။    http://myanmar.mmtimes.com/2012/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif