ရန်ကုန်မြို့၌ ချထားပေးမည်ဟုကြေညာခဲ့သော Fttx ဖိုက်ဘာအင်တာနက်လိုင်းသည် အချိန်ကြာမြင့်စွာ ချထားပေးနိုင်ခဲ့ခြင်းမရှိသည့်အတွက် အသုံးပြုလိုသူများ၏ စိတ်ဝင်စားမှုနှုန်းမှာ လျော့နည်းလာခဲ့သည် ဟု Fortune ကုမ္ပဏီမှတာဝန်ရှိသူ ဒေါ်လဲ့လဲ့မိုးကဆိုသည်။
Fortune ကုမ္ပဏီသည် ရန်ကုန်မြို့၌ ဖိုက်ဘာအင်တာနက်လိုင်း ရောင်းချပေးပိုင်ခွင့်ရှိသည့် ကုမ္ပဏီနှစ်ခုအနက် တစ်ခုအပါအ၀င်ဖြစ်ပြီး လက်ရှိကာလ၌ လမ်းမတော်မြို့နယ်အတွက် ဖိုက်ဘာအင်တာနက်လိုင်းများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ “ဖိုက်ဘာလိုင်းတွေက ချထားပေးမယ်ဆိုပြီး ချထားမပေးနိုင်ခဲ့တော့ စိတ်ဝင်စားမှုနှုန်း နည်းနည်းလျော့သွားတယ်။ အခုမှပြန်ပြီးတော့ ကြော်ငြာတွေတာတွေ ပြန်လုပ်နေရတယ်” ဟုဒေါ်လဲ့လဲ့မိုးကပြောသည်။ ၂၀၁၁ ခုနှစ်၌ ဖိုက်ဘာအင်တာနက်လိုင်း အသုံးပြုလိုသူတို့ အလွန်ပေါများခဲ့ပြီး ကြိုတင်ဝယ်ယူရန်စာရင်းများကိုလည်း ရောင်းချမည့်ကုမ္ပဏီများသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။ “ပြီးခဲ့တဲ့နှစ်က စာရင်းလာပေးတဲ့အရေတွက် ၁၀၀ ကျော်လောက်ရှိတယ်။ အခုတော့ အဲဒါတွေကို ပယ်လိုက်ပြီးတော့ အသစ်ပြန်လက်ခံထားတယ်။ အခုပြန်လက်ခံတဲ့အခါ ၀ယ်ယူဖို့အတွက် ကြိုတင်ဖောင်လာဖြည့်တဲ့အရေအတွက် ၅၀ ၀န်းကျင်လောက်ရှိတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်၌ လမ်းမတော်မြို့နယ်တွင် ဖိုက်ဘာအင်တာနက်လိုင်း ၇၀ ခန့်ကိုစတင်အသုံးပြုနေပြီး ဧပြီလအတွင်း၌ ဗဟန်း၊ အလုံ၊ ကြည်မြင်တိုင်၊ လသာ၊ ပန်းဘဲတန်းနှင့် ဒဂုံမြို့နယ်များ၌ ဆက်လက်အသုံးပြုလာနိုင်မည်ဖြစ်သည်။ “ဇွန်လလောက်ဆိုရင်တော့ ရန်ကင်းမြို့နယ်တွေဘက်ကိုပါ ဆက်လက်ပေးနိုင်ပါမယ်။ ကုမ္ပဏီအနေနဲ့ လုပ်ခွင့်ရတဲ့နယ်တွေကို ဆက်လက်တိုးချဲ့လုပ်ကိုင်သွားမှာပါ” ဟု ဒေါ်လဲ့လဲ့မိုးကပြောသည်။ ဖိုက်ဘာအင်တာနက်လိုင်းကို ပြင်ဦးလွင်နှင့် မန္တလေးမြို့၌စတင်အသုံးပြုနေပြီး ရန်ကုန်မြို့အတွက် ဖိုက်ဘာအသုံးပြုခြင်းကိုမှု ဒီဇင်ဘာလအတွင်း စတင်စမ်းသပ်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဈေးနှုန်းအနေဖြင့် ကနဦးပေးသွင်းငွေ ခုနှစ်သိန်းခွဲကျပ် သတ်မှတ်ထားသည့် ဖိုက်ဘာအင်တာနက်လိုင်းကို ရန်ကုန်မြို့၌ Fortune ကုမ္ပဏီနှင့် Elite Tech ကုမ္ပဏီတို့မှ ရောင်းချပေးသွားမည်ဖြစ်သည်။
ရေးသားသူ -မြင့်ကျော်လှိုင်http://www.myanmarinternetjournal.com

Kuala Lumpur Time

0 comments:
Post a Comment