ဂျပန်အီလက်ထရွန်နစ်ကုမ္ပဏီ Canon မှလာမည့်လေးနှစ်အတွင်း ၎င်း၏ပစ္စည်းထုတ်လုပ်မှုအပိုင်းတွင် စက်မှုလုပ်ငန်းသုံးစက်ရုပ်များ အစားထိုးအသုံးပြု၍ ကုန်ကျစရိတ်ယန်း ၄၀၀ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၄. ၈၄ ဘီလီယံ) ကိုလျှော့ချနိုင်ရန်စီစဉ်နေကြောင်း သတင်းဌာနတစ်ခု၏အဆိုအရ သိရသည်။
Toner များပြုလုပ်ရာတွင်နှင့် single-lens-reflex ကင်မရာများအတွက် လဲလှယ်အသုံးပြုနိုင်သည့် မှန်ဘီလူးများ ထုတ်လုပ်ရာတို့တွင် ယင်းစက်ရုပ်များကို ပိုမိုအသုံးပြုရန် Canon မှစီစဉ်ထားကြောင်း Reuters သတင်းဌာနမှပြောကြားခဲ့သည်။ ကုမ္ပဏီ၏ အဆိုပါကုန်ကျစရိတ်လျှော့ချမှုသည် ယန်းငွေတန်ဖိုးမြင့်တက်မှုနှင့် ဥရောပစီးပွားရေးအခြေအနေ ကျဆင်းနေမှုတို့ပေါ်တွင်မူတည်နေပြီး ယန်းငွေတန်ဖိုးမြင့်တက်မှုကြောင့် ကုမ္ပဏီ၏ထုတ်လုပ်မှုအပိုင်းတွင် ကျဆင်းမှုများဖြစ်ပေါ်နေကြောင်း Canon မှပြောကြားခဲ့သည်။ Canon မှ ၎င်း၏ရောင်းအားအမြတ်ငွေကို လာမည့် ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ယန်းငွေသန်းပေါင်း ၅ သန်း(အမေရိကန်ဒေါ်လာ ၆၀.၅ ဘီလီယံ) နှင့်အထက်ရရန်မျှော်လင့်ထားကြောင်း အဆိုပါသတင်းဌာနမှ ပြောကြားခဲ့ သည်။
ရေးသားသူ -ဟေမာ
Ref: ZDNet Asia http://www.myanmarinternetjournal.com/

0 comments:
Post a Comment