ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဟိမ၀န္တာဒေသရှိ လမ်းတစ်ခုပေါ်၌ နားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ အဆိုပါလိပ်ပြာကို Attacus သို့မဟုတ် Atlasဟုခေါ်ပြီး သူ၏ဗြက်သည် ၂၅စင်တီမီတာ(တစ်ပေ) ရှိကြောင်း သိရသည်။ ဆန်ဒစ်ရှ်ကာဒါ ဆိုသူသည် ကားမောင်းလာစဉ် ဟိမ၀န္တာအရှေ့ပိုင်း၌ အဆိုပါလိပ်ပြာကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အကောင်သည် အရွယ်အစား ကြီးမားသော်လည်း လူများအတွက် အန္တရာယ်မရှိ ဟုဆိုသည်။ အဆိုပါ လိပ်ပြာအမျိုးအစားကို အရှေ့တောင် အာရှဒေသရှိ သစ်တောများအတွင်း တွေ့ရှိရလေ့ရှိပြီး အထူးသဖြင့် မလေးကျွန်းစု တစ်လွှား၌ တွေ့ရှိရတတ်သည် ဟုဆိုသည်။ http://goldenmyanmarparadise.ning.com/profiles/blogs






Kuala Lumpur Time

0 comments:
Post a Comment