ဒဂုံမြို့သစ် အရှေ့ပိုင်းက ဝန်ထမ်းတွေအတွက် နေရာချထားပေးတဲ့ အိမ်ယာတွေ ဖယ်ရှားခိုင်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြန်လည်သုံးသပ် ဆောင်ရွက်တော့မယ်လို့သိရပါတယ်။
ဝန်ထမ်း တွေကို ချပေးထားတဲ့ မြေကွက်ပေါင်း (၈) ထောင်ကျော်ကို အိုးအိမ်ဦးစီးဌာနက ဒီလကုန်အပြီး ဖယ်ရှားခိုင်းနေတဲ့အကြောင်း မတ်လ ၁၅ ရက်က ကျင်းပတဲ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအင် အားစုပါတီက အလုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီက မေးခွန်း ထုတ်ခဲ့ပါတယ်။
အဲဒီမေး ခွန်းကို သက်ဆိုင်ရာဝန်ကြီးက ပြန်လည် ဖြေကြားပြီးတဲ့နောက် လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်းက မြေကွက်တွေ ဖယ်ရှားပေးရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြေကွက်ပိုင်ရှင်တွေ နစ်နာနေတာကို သက်သေ အထောက်အထားတွေနဲ့ သူ့ထံအမြန်တင်ဖို့ ပြောကြားခဲ့ပါတယ်။
ဦးခိုင် မောင်ရီက “လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆောင်ရွက်ချက်က ပြည်သူတွေ မဖြစ်သင့် မဖြစ်ထိုက် တာတွေကို မဖြစ်အောင်၊ ပြည်သူလူထု မနစ်နာအောင် ကာကွယ်သွားမယ်လို့ ကျနော်က ယုံကြည်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက သူဆက်လက်ဆောင်ရွက်ရန် ကျနော်ကို လုပ်ခိုင်းတဲ့အခါမှာ ကျနော်လုပ်ငန်းကို ကုန်အောင် လုပ်ပြီးသွားပြီ ဖြစ်တယ်။ လွှတ်တော်ဥက္ကဋ္ဌလည်း ဒီနေ့ ဆက်လက် ဆောင်ရွက်ပြီဆိုတာ သိရတဲ့ အတွက် အဖြေကို ဒီရက်ပိုင်းအတွင်း ထွက်လာမယ်လို့ ကျနော်ကတော့ တထစ်ချ ယုံကြည်တယ်။”
ဒဂုံမြို့ သစ်အရှေ့ပိုင်းက ပြောင်းရွှေ့ခံရမယ့် ရပ်ကွက်တွေထဲမှာ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၆၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၅၇၊ ၁၅၈၊ ၁၅၉၊ ၁၆၀ ရပ်ကွက်က လူနေအိမ်မြေကွက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ http://burmese.dvb.
0 comments:
Post a Comment