http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Mar 2012

ပရဟိတနဲ့ အနုပညာ အလုပ်တွေကို အချိန်မျှ ပေးဖြစ်နေတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗို

ရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ ဆက်တိုက် ရှိနေတဲ့ကြားက ဂီတနဲ့ သရုပ်ဆောင် အလုပ်တွေကို အချိန်မျှ ပေးဖြစ်နေတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက မတ်လ ၁၁ ရက်က စပြီး ဒါရိုက်တာ မောင်အောင် (ရူပဗေဒ) ရိုက်ကူးမယ့် ဒီဗီဒီ ဇာတ်ကား နှစ်ကားကို ဆက်တိုက် အချိန်ပေး သွားမယ်လို့ သိရပါတယ်။ မတ်လ ၂၃ ရက်မှာ တနင်္သာရီတိုင်း ဒေသကြီးမှာ ရှိတဲ့ သူဌေးကျွန်းကို တစ်ကိုယ်တော် ဖျော်ဖြေဖို့ သွားမယ့် အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ပရိသတ်တွေ တောင်းဆိုသမျှ သီချင်းတွေ သီဆိုပေးနိုင်ဖို့လည်း ပြင်ဆင်ထားတာပါ။ ဖျော်ဖြေပွဲတွေ ဆက်တိုက်ရှိနေတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ဧပြီလ ၆ ရက်မှာ မန္တလေးကို ဖျော်ဖြေရေး ခရီးသွားမှာဖြစ်ပြီး သင်္ကြန်ကာလတွေကိုလည်း မန္တလေးမှာ ဖြတ်သန်းမယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးရေးအတွက် ဘဏ္ဍာရေး အပိုင်းကို တာဝန်ယူထားရတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက်လည်း ပုံမှန် ရုံးတက်နေတာမို့ ရုံးထိုင်ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်လို့ မေးဖြစ်တော့ ”ရုံးခန်းမှာကတော့ ဧည့်သည်တွေကို လက်ခံ တွေ့ဆုံပြီး သူတို့ သိချင်တာလေးတွေ ပြောပြတာမျိုး၊ အစည်းအဝေး လုပ်ကြတာမျိုး၊ အလှူငွေ လက်ခံတာမျိုးတွေ လုပ်ဖြစ်တာပေါ့ လေ။ အဲဒီလို လုပ်ဖြစ်နေတဲ့ အချိန်မှာလည်း ဗိုလ်ချုပ် ရုပ်ရှင် ရိုက်ဖို့အတွက် လုပ်နေတယ်ဆိုတဲ့ စိတ်လေးနဲ့ တင် တော်တော်လေး ကျေနပ်စရာ ကောင်းပါတယ်” လို့ ပြောပါတယ်။ ဇာတ်ဝင်ခန်းတွေမှာ ရုံးတက်တဲ့ ပုံစံမျိုး မကြာခဏ သရုပ်ဆောင်ဖူးပေမယ့် တကယ်တမ်း ရုံးတက်ဖြစ်တဲ့ အတွေ့အကြုံကတော့ ဘ၀မှာ ပထမဆုံးပဲဆိုတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ရုံးထိုင်ဖြစ်တဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးဖို့အတွက် လိုအပ်မယ်ထင်တဲ့ ရှားပါးပစ္စည်းတွေ လာလှူတာမျိုးလည်း ကြုံဖူးတယ်လို့ ပြောပါတယ်။ အနုပညာအလုပ်တွေ မအားလပ်တဲ့ကြားက ပရဟိတ အလုပ်တွေ ခပ်စိပ်စိပ် လုပ်ဖြစ်လာတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ”ပရဟိတ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ကတော့ အသက်ကြီးလာလေ၊ ပိုပြီး လုပ်ချင်စိတ် များလာလေပေါ့နော်။ ပရဟိတလုပ်လို့ ရလိုက်တဲ့ ပီတိက စိတ်ရော လူရော လန်းဆန်းပြီး ကျေနပ်စရာ ကောင်းတယ်။ ပြန်တွေးတိုင်းလည်း ကြည်နူးရတယ်။ အထူးသဖြင့် အခုလိုမျိုး အကူးအပြောင်းကာအတွင်း တိုင်းပြည် တိုးတက်အောင် ကြိုးစားနေကြတဲ့ အခြေအနေမျိုးမှာ ပရဟိတ အလုပ်တွေ ပိုပြီး လုပ်သင့်တယ်။ အနုပညာရှင်တွေ ဦးဆောင်ပြီး လုပ်ကြသလို မည်သူမဆိုလည်း သဒ္ဓါတရား ထက်သန်သရွေ့ တတ်စွမ်းသမျှလေး ပရဟိတ အလုပ်တွေ လုပ်သင့်တယ်။ အစ်မကိုယ်တိုင်လည်း အနုပညာ အလုပ်တွေနဲ့ ပရဟိတ အလုပ်တွေကို အချိန်မျှပေးပြီး လုပ်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
မင်းသမီး - အကယ်ဒမီ ထွန်းအိန္ဒြာဗို - Mar 19 2012 09:44 AM EST     http://burmatoday.net/enews.php?enews_ID=52

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif