http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 May 2012

ဧ ရာ မခြေထောက် ပိုင် ရှင် ၁၀ နှစ် သား ကေ လး ငယ်ေ လး

ဧရာမခြေထောက်ကြီးနဲ့ ၁၀ နှစ်သားကလေးအသားစား ရောဂါပိုး တစ်ခု ကူးစက်ခံ ရပြီးနောက် ယူဂန်ဒါနိုင်ငံမှ ဗင်းဆင့်အော်ကက် (၁၀ နှစ်) သည် ခြေထောက်များ ကြောက်ခမန်းလိလိ ကြီးထွားလာရာသူ့အား ဆင်ကောင်လေး ဟုအများက ခေါ်ဝေါ်ကြသည်။ သူသည် လမ်းမလျှောက်နိုင်တော့ သည့် အပြင်ဘောင်း ဘီ ဝတ် ၍လည်း မရတော့သောကြောင့် မိန်းကလေးအဝတ်အစားများနှင့် စကတ်တို့ ၀တ်ဆင် ပေးထားရသည။်
ယခုအခါ သူနေထိုင်ရာ ပီတာအမည်ရှိရွာမှ ဆရာဝန်များက ကလေးငယ် သည် ဆေးမကုဘဲ ထားပါက မကြာခင်သေ ဆုံးရတော့မည် ဖြစ်သောကြောင့် အကူ အညီများ ပေးကြရန် နိုင်ငံတကာသို့ အကူအညီတောင်းခံထားကြောင်း သိရသည်။ ဗင်းဆင့်၏ မိသားစုသည် သူ ၁၈ လသား အရွယ်ကတည်းက သူ့၌ ရောဂါဖြစ်နေကြောင်း သတိပြုမိသော်လည်း ဆင်းရဲလွန်းသောကြောင့် ဆေးခန်းမပြနိုင်ရှာပေ။ သူကြီးပြင်းလာသည် နှင့်အမျှ သူ၏ခြေထောက်များမှာလည်း ကြီး၍လာခဲ့သည်။ ဆရာဝန်များသည် ကလေးငယ်၌မူလက ဆင်ခြေထောက်ရောဂါ ကဲ့သို့ ပြန်ရည်ကြော စနစ်ဆိုင်ရာ ရောဂါတစ်ရပ်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော်သူ၏ ခြေထောက်များကြီးထွားလာမှုက အရိုးများအပေါ်ပါ သက်ရောက်မှုရှိပြီး တင်ပဆုံရိုးမှာ အဆစ်လွဲသွားပြီး ခြေကျင်း ဝတ်ရိုး မှာ လည်း ကျိုးသွားခဲ့သည်ဟု ဆိုသည်။ အသားစ နမူနာယူ၍ စမ်းသပ်စစ်ဆေးကြည့်ရာ၌ ကလေးငယ်သည် အသားစားရောဂါပိုး တစ်မျိုး ကူးစက်ခံရခြင်းဖြစ်ပြီး ဆေးမကုဘဲထားပါက မကြာခင်သေဆုံးရမည်ဟု ဆိုသည်။ 
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif