http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်သည့် ကြာကလပ် ပုံတူ သုံးခု တရုတ်မှလှူဒါန်း

ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်သည့် ကြာကလပ် ပုံတူသုံးဆူ ပြုလုပ်ပြီးမြန်မာနိုင်ငံသို့ လှူဒါန်းခဲ့ကြောင်း တရုတ်ပြည် ဗုဒ္ဓဘာသာအသင်း ဒုတိယ ဥက္ကဌ ဆရာတော် မြင့်စိန်(Ming Sheng) ကပြောသည်။
အဲ့ဒီကြာကလပ်ပုံတူသုံးဆူကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့တွင် ထားရှိသွားမယ်ဟု တရုတ်ပြည် နိုင်ငံတော်သာသနာရေး ဗျူရို ဒုတိယဝန်ကြီးမစ္စတာ Zhaung Lebin ကပြောသည်။
မြန်မာနိုင်ငံတွင် တရုတ်ပြည် ဗုဒ္ဓမြတ်စွယ်တော် ဖူးမြော်အပူဇော်ခံစဉ်ကာလအတွင်း မြန်မာပြည်သူပြည်သားများ လှူဒါန်းခဲ့သည့်ငွေသားများနှင့် အဖိုးတန်ရတနာပစ္စည်းများကို မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များ၏ ဆန္ဒအတိုင်း ဗုဒ္ဓမြတ်စွယ်တော် စေတီမွမ်းမံတည်ဆောက်ေ၇းတွင် အသုံးပြုမည့်အပြင် မြန်မာနိုင်ငံ၏ ဗုဒ္ဓလုပ်ငန်းနှင့် ကုသိုလ်ဖြစ်လုပ်ငန်းများအပေါ် အဓိကထား၍ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဗုဒ္ဓမြတ်စွယ်တော် ဓါတ်တော်အပူဇော်ခံရန်အတွက် ပုံတူပြုလုပ်ထားတဲ့ ကိန်းဝပ်စံပယ်ရာ တရုတ်ဗုဒ္ဓဘာသာအသင်းက အလှူငွေများ ရှာဖွေပြီး မြန်မာနိုင်ငံရဲ့ ကောင်းမှုပြုလုပ်ငန်းများကို အားပေးထောက်ခံမယ်။ စာသင်ကျောင်းများ လှူဒါန်းတည်ဆောက်မယ်။ အတွင်းတိန်မျက်စိလူနာသည်များကို ခွဲစိတ်ပေးခြင်းစတဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေကို လုပ်ဆောင်မယ် ဟု ဆရာတော်မြင်စိန်(Ming Sheng)ကပြောသည်။
ထို့ပြင် တရုတ်ဗုဒ္ဓဘာသာအဖွဲ့ချုပ် လက်အောက်ရှိ လင်ကွမ်းစီးဘုရားကျောင်းနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တို့ ချစ်ကြည်ရေးဘုရားကျောင်း ထူထောင်မည်ဖြစ်ကြောင်း သိရသည်၊၊  မြန်မာသတင်းရပ်ဝန်:မှကူးယူဖော်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif