http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

အေတီအမ်ကတ်အသုံးပြုမှု ၂၄နာရီဝန်ဆောင်မှုမပေးနိုင်သည့် အားနည်းချက်များနှင့်ကြုံတွေ့နေရ

အေတီအမ်ကတ်အသုံးပြုမှုများရှိလာပြီဖြစ်သော်လည်း ၂၄နာရီအတွင်း ဝန်ဆောင်မှုမပေးနိုင်သည့် အားနည်းချက်များနှင့် ကြုံတွေ့နေရကြောင်း ကတ်အသုံးပြုသူ အသိုင်းအဝိုင်းမှ သိရသည်။
ယခုအခါတွင် အေတီအမ်ကတ်များကို ကမ္ဘောဇဘဏ်၊ စီဘီဘဏ်နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တို့တွင် ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၄နာရီအထိ ကတ်အသုံးပြုခွင့်မရနိုင်သည့် အခြေအနေများရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ ရုံးတစ်ရုံးလုံးအေတီအမ်ကတ်စနစ်ကို အသုံးပြုနေကြတာပါ။ ဒီကတ်က အစိုးရရုံးဖွင့်ရက်အပြင် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ ထုတ်လို့ရအောင် ဝန်ဆောင်မှုပေးထားတဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ နေရာတိုင်း မဟုတ်တောင် ကျွန်တော်တို့မြို့နယ် မတူတဲ့နေရာမှာ ထုတ်လို့ရချင်ပါတယ်။ ၂၄နာရီအတွင်း ညဘက်တွေအထိ မရနိုင်ဘူးဆိုရင်တောင် ဘဏ်ခွဲတိုင်းမှာ ငွေထုတ်လို့ရသင့်ပါတယ်”ဟု မီဒီယာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
“တချို့ဘဏ်တွေမှာ၂၄နာရီ ဝန်ဆောင်မှုပေးနိုင်တာတွေ့ရတယ်။ ရုံးပိတ်ရက်လို ညဘက်သွားလာရင်းနဲ့ ရုတ်တရ ငွေလိုလာတဲ့အခါ အချိန်တိုင်းထုတ်ယူနိုင်ရင် ပိုကောင်းတာပေါ့”ဟု စာရင်းကိုင်တစ်ဥိးဖြစ်သူ မဖြူနှင်းကပြောသည်။
ထိုကဲ့သို့ အေတီအမ်ကတ်စနစ်အသုံးပြုမှု တွင်ကျယ်စေရန် ၂၄နာရီဝန်ဆောင်မှုပေးနိုင်ခြင်းနှင့် ရန်ကုန်မြို့တွင်းရှိလုံခြုံစိတ်ချရသည့် ရှော့ပင်းမောလ်များတွင် ထားရှိပေးခြင်းတို့ လုပ်ဆောင်လာနိုင်ပါက ကတ်စနစ်အသုံးပြုသူ ပိုမိုများပြားလာမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က ကမ္ဘောဇဘဏ်မှာ အေတီအမ်ကတ်လုပ်ထားပါတယ်။တနင်္ဂနွေရုံးပိတ်ရက်မှာ တော်ဝင်စင်တာနားက အေတီအမ်ကတ်စက်မှာ ငွေထုတ်လို့ရခဲ့ပါတယ်။ တကယ့်ကို အချိန်ကုန်သက်သာစေပြီး အဆင်ပြေစေပါတယ်”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုကျော်မိုးထွန်းကပြောသည်။
ယခုကဲ့သို့ ကတ်စနစ်အသုံးပြုခြင်းသည် မိမိ၏ ငွေရေးကြေးရေးအချက်အလက်များ လုံခြုံစိတ်ချရမှုရှိသည့်အတွက် အသုံးပြုသူများက ပြောကြားသည်။   မြန်မာသတင်းရပ်ဝန်:မှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif