http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း ဒေသတွင်းအဆင့် ၉အထိ ကျဆင်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည့် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်းသည် ဒေသအတွင်း ပြိုင်ဘက်အသင်းငယ်များဖြစ်သည့် ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားစသည့် အသင်းများအားလုံး၏ အောက်တွင်သာ ရပ်တည်ခဲ့ပြီး အဆင့် ၉အထိ ကျဆင်းသွားကြောင်း သိရသည်။
မြန်မာအသင်းကမ္ဘာ့အဆင့် ၁၇၄ ရရှိချိန်တွင် ဖိလစ်ပိုင်က ၁၅၆၊ လာအိုက ၁၇၁၊ ကမ္ဘောဒီးယားက ၁၇၂ စသည်ဖြင့် ရပ်တည်နေကြသည်။ မြန်မာအသင်းသည် ဇန်နဝါရီလက အဆင့် ၁၇၂ တွင်ရှိနေခဲ့သော်လည်း ယခုလတွင် ၁၇၄သို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ဒေသတွင်းအခြားပြိုင်ဘက်များဖြစ်သည့် ဗီယက်နမ်မှာ အဆင့် ၁၀၀တွင်ရပ်တည်နိုင်ခဲ့ပြီး ထိုင်းက ၁၃၀၊ အင်ဒိုနီးရှားက ၁၄၆၊ စင်ကာပူက ၁၄၈၊ မလေးရှားက ၁၅၀ စသည်ဖြင့် ရပ်တည်ခဲ့ကြသည်။  မြန်မာသတင်းရပ်ဝန်:မှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif