http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

ပထမအကြိမ် အမျိုးသားသတင်းဆုချီးမြှင့်ပွဲကျင်းပ


၂ဝ၁၁ ခုနှစ်အတွက် အမျိုးသားသတင်းဆု ချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သည်။ ပထမဆုံးအကြိမ် ချီးမြှင့် သည့် အမျိုးသား သတင်းဆုများတွင် အကောင်းဆုံး သတင်းဆုကို ကုမုဒြာ သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် နိုင်ငံအနာဂတ်သစ် အတွက် အစ ပျိုးခြင်း၊ မြန်မာ အမေရိ ကန် မိတ်ဖက်နိုင်ငံဖြစ်ဖို့ မျှော်လင့်၊ ဟီလာရီ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည် ရင်းနှီးစွာဆွေးနွေး၊ ဟီလာရီ ကလင်တန် လာရောက်မှုနှင့်ပြည် သူတွေရဲ့မျှော်လင့် ချက် စသည့် ဆက်စပ်သတင်းများ ရေးသားသည့် ကုမုဒြာသတင်းအဖွဲ့ကို ချီးမြှင့်ခဲ့ပြီး အကောင်းဆုံး သတင်းဆောင်းပါး ဆုကို ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်ထုတ် 7 Day News ဂျာနယ်ပါ ဆရာမငြိမ်းငြိမ်းနိုင်၏ လက်နက်ကိုင်အရေး စားပွဲဝိုင်းပေါ် ရောက်ပြီလား ဆောင်းပါးဖြင့် ရရှိ ခဲ့သည်။ အကောင်းဆုံး သတင်း ဓာတ်ပုံကိုဆုကို ၂ဝ၁၁ ခုနှစ် ဇူလိုင် ၇ ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ်ပါ ဓာတ်ပုံအောင်နိုင်စိုး(ကစ္ဆပ) ၏ အငြိမ်းစားဝန်ထမ်းပင်စင်နှင့် နိုင်ငံရေးပင်စင်အရွေ့ (သို့မဟုတ်) နေညိုချိန် တိမ်တောက်ခြင်း သတင်း ဓာတ်ပုံကရရှိပြီး အကောင်းဆုံးသတင်း ကာတွန်းဆုကို ကာတွန်း ဆရာသီဟ(စခန်းသစ်)က ၂ဝ၁၁ ခုနှစ်ဇူလိုင် ၂၆ ရက်ထုတ်  True News  ဂျာနယ်ပါ ပုံပြင်ထဲကလိုတော့ သတင်းကာတွန်းဖြင့် ရရှိခဲ့သည်။ နှစ် ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် အမျိုးသား သတင်း ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံးအာဘော် ဆောင်းပါး ဆုကို ချီးမြှင့်နိုင်ခြင်းမရှိဘဲ တစ် နှစ်အတွင်း အထူးခြားဆုံး အမျိုးသား သတင်းဓာတ်ပုံအဖြစ် ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်ထုတ် နိုင်ငံပိုင် သတင်းစာပါ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု သတင်း ဓာတ်ပုံရိုက်ကူးသူ မောင်မောင်သန်း(ကော့မှူး)အား ချီးမြှင့်ခဲ့သည်။ ဆုချီးမြှင့်ပွဲတွင် အမျိုးသား သတင်းဆုကော်မတီလိုဂို(Logo) ပြိုင်ပွဲဆုရရှိသူ မချိုဇော်အောင် (Goldsect) နှင့် ဆုရုပ်တုပြုလုပ် ပေးသူ ဆရာဆန်နီငြိမ်း တို့ကိုပါ ဂုဏ်ပြု ဆုများချီးမြှင့်ခဲ့သည်။ အဆိုပါ အမျိုးသား သတင်းဆု ချီးမြှင့်ပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်ဆန်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနား၌ တယောဦးတင်ရီ၊ အလင်္ကာဝတ်ရည် တေးဂီတ အဖွဲ့၊ ရွှေမန်းသားလေး ဖိုးချစ်တို့မှ ဖျော်ဖြေ ကာ Sky Net  ရုပ်သံလိုင်းက တစ်နိုင်ငံလုံးသို့ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။      http://popularmyanmar.com/mpaper/archives/39627

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif