http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

***ငရဲကြီး (၈) ထပ်ဟူသည်***

အခုဖော်ပြမဲ့ အကြောင်းအရာကတော့ ငရဲကြီး(၈)ထပ်နှင့် ဘယ်ငရဲက ဘယ်နှစ်နှစ် ကျခံရမယ်၊ ဘယ်လိုခံစားရမယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) သိဉ္ဇိုး- = သဉ္ဇိုဝ်းငရဲ
-အဖန်ဖန် အထပ်ထပ် ပြန်၍ ပြန်၍ အသက်ရှင်ပြီး ငရဲဆင်းရဲကို ခံစားရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
-တရားစောင့် ရဟန်း၊ ပုဏ္ဏား တို့ကို ပြစ်မှားသူတို့ ကျခံရသည်။
-ငရဲအသက် နှစ်(၅၀၀) ရှိသည်။

(၂) ကာလသုတ္တ = ကာလသုတ်ငရဲ
-မျဉ်းကြိုးအနက်ဖြင့် မျဉ်းသားကာ ပဲခွပ်၊ ပုဆိန်၊ ဓားမ၊ လွှတို့ဖြင့် အရွေးခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
-ရဟန္တာ စသောသူတော်စင်တို့ကို မရိုမသေ တုတ်၊ဓား၊လှံ စသည်တို့ဖြင့် ညှဉ်းဆဲသောသူတို့ ခံရသည်။
-ငရဲ သက်တမ်း (၁၀၀၀)ရှိသည်။

(၃) သဃာံတ = သဃာံတငရဲ
-အလျှံတပြောင်ပြောင် တောက်လောင်နေသော သံတောင် သံခဲတို့ဖြင့် အဖန်တလဲလဲ ထုကြိတ်ဝါးမြိုခံနေရသော ငရဲသား တို့၏ ဖြစ်ရာဘုံ၊
-သူ့အသတ်သတ်ခြင်း စသောမကောင်းမှုပြုသူတို့ ခံစားရသည်။
-ငရဲ သက်တမ်း (၂၀၀၀) ရှိသည်။

(၄) ရောရုဝ = ရောရုဝငရဲ
-ပြင်းထန်ကျယ်လောင်သော အသံဖြင့် အမြဲတမ်း ငိုကြွေး မြည်တမ်းနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
-မကောင်းမှု အကုသိုလ် အလိုအလျောက် စိတ်နောက်ကိုယ်ပါ ပြုသူတို့ ခံရသည်။
-ငရဲ သက်တမ်း (၄၀၀၀) ရှိသည်။

(၅) မဟာရောရုဝ = မဟာရောရုဝငရဲ
-ရောရုဝငရဲသားတို့ထက် ပိုလွန်ပြင်းထန်စွာ ငိုကြွေးမြည်တမ်းနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ။
-သီလ၊သမာဓိ၊ပညာနှင့် ပြည့်စုံသော ရဟန်း၊သံဃာ တို့ကိုပြစ်မှားခြင်း စသောမကောင်းမှုပြုသူတို့ ခံရသောငရဲဖြစ်သည်။
-ငရဲ သက်တမ်း(၈၀၀၀) ရှိသည်။

(၆) တာပန = တာပနငရဲ
-ပူလောင်လွန်းလှသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
-လင်ယောကျာ်း ကိုမရိုမသေ၊မလေးမစား ပြုသောမိန်းမတို့ ခံစားရသော ငရဲ ဖြစ်သည်။
-ငရဲ သက်တမ်း (၁၆၀၀၀) ရှိသည်။

(၇) မဟာတာပန = မဟာတာပနငရဲ
-တာပနငရဲသားတို့ထက် ပိုလွန် ပြင်းထန်စွာ ပူလောင်သော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
-အဂတိတရားလိုက်စားသူနှင့် လင်ယောကျာ်းကို နိုင်လိုမင်းထက် ရက်စက်ကြမ်းကြုတ်စွာ ပြုသော မိန်းမတို့ ခံစားရသည်။
-ငရဲ သက်တမ်း အန္တရကပ် တစ်ဝက်ရှိသည်။

(၈) အ၀ီစိ = အ၀ီစိငရဲ
-မီးလျှံကွက်လပ်မရှိ၊ ဆင်းရဲဝေဒနာကွက်လပ်မရှိ၊ ငရဲသားကွက်လပ်မရှိသော ငရဲသားတို့၏ ဖြစ်ရာဘုံ။ (ထိုအ၀ီစိငရဲကိုပင် မဟာအ၀ီစိငရဲဟု ခေါ်သည်။)
-ပဉ္ဇာနန္တရိယကံ ကျုးလွန်သူတို့ ကျရောက်ခံရသည်။
-ငရဲ သက်တမ်း အန္တရကပ် တစ်ဝက်ရှိသည်။

ငရဲကြီးတစ်ထပ် တစ်ထပ်လျှင် ငရဲငယ် လေးခု ခြံရံလျက် ရှိသည်။ ယင်းကို ဥဿဒ ငရဲငယ်ဟုခေါ်သည်။

ငရဲငယ်(၄)ခု
-ဘင်ပုပ်ငရဲ
-ပြာပူငရဲ
-လက်ပံတောငရဲ
-သန်လျက်ငရဲ
ယင်းသည် အရပ်လေးမျက်နှာတွင်ရှိ၍ ၄-နှင့်မြှောက်က ငရဲတစ်ထပ်လျှင် ငရဲငယ်(၁၆) ခုရှိသည်။ ယင်းငရဲငယ်(၁၆) ခုကို ငရဲကြီး (၈) ထပ်နှင့်မြှောက်ပါက ငရဲငယ်ပေါင်း(၁၂၀) ရှိသည်။


ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်များစာအုပ်မှ ထုတ်နူတ်ရေးသားဖော်ပြသည်။                                                                                                           

                                                      













ရွှေမြန်မာဦးယဉ်သတင်းများ

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif