http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

(၈)နှစ်ကျော်ကြာ ပိတ်ခံခဲ့ရတဲ့ မော်ကင်း ဥဒါန်း ကားကြီးကို ရုံတင်ပြသ ခွင့်ပြု လိုက်ပြီ

ဒီကနေ့ ရုပ်ရှင်ဗီဒီယို လောကကို ကြည့်ရင် ဟာသဇာတ် ကားများရိုးအီ၊ အချစ်၊ ဒရာမဇာတ် ကားများ ရိုးအီ၊ ရုပ်ရှင်ကြည့် ပရိ သတ် ကလည်း တစ်မျိုးတစ်မည် ခံ စားချင် စိတ်တွေကို ရုပ်ရှင်လောက သားများကလည်း အလုံးစုံ ဖန်တီး ပေးနိုင်ဖို့ ပြင်ဆင်နေဆဲကာလမှာ လွန်ခဲ့တဲ့ (၈)နှစ်ကျော်က ဆင်ဆာ ခွင့်ပြုချက်ရပြီး သမ္မတရုံမှာ နောက် လဲမည့်ဇာတ်ကားလို့ ဆိုင်းဘုတ် ချိတ်အထူးပွဲပြသခဲ့ပြီးမှ ယခင်အစိုး ရကအများပြည်သူကို ပြသခွင့်မပြု ဟူသော အကြောင်းပြချက်ဖြင့် ပြ သခွင့်ပိတ်ပင်ခံထားရတဲ့ လပ်ကီး ဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ် လုပ်ပြီး ဒါရိုက်တာဝေမှိုင်းညို ရိုက် ကူး  မော်ကင်းဥဒါန်း အမည် ရှိ ရုပ် ရှင်ဇာတ်ကားကြီးကို ယခုအခါ ပြန် ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းမှ အများပြည်သူ ပရိသတ် အား ပြသခွင့်ပြုလိုက်ပြီဖြစ် တဲ့အတွက် မကြာမီ ရုံတင်ပြသတော့ မှာဖြစ်ကြောင်း လပ်ကီးဆဲဗင်းရုပ်ရှင် ဗီဒီယိုထုတ်လုပ်ရေးမှ ဦးအုန်းဝင်းက ပြောပါတယ်။
"ဒီဇာတ်ကားက လွန်ခဲ့တဲ့ (၈)နှစ်က ဆင်ဆာကျပြီး ရုံရက်တန်း စီထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီ ကားကြီးရိုက်ခဲ့တဲ့နန္ဒာလှိုင်တောင် အိမ် ထောင်မကျသေးဘူးလေ။ အခု က လေး (၂)ယောက်ရနေပြီ။ မင်းသား ကြီးကျော်ဟိန်းဆိုလည်း ကျွန်တော် တို့ရိုက်တဲ့အချိန်က ကျော်ဟိန်းမှ ကျော် ဟိန်းဖြစ်တဲ့အချိန်၊ အကောင်းဆုံး ကြိုးစားပုံဖော်ထုဆစ်ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကြီးပါ။ ရုံတင်ခါ နီးကျမှ ပြသခွင့်အပိတ်ခံလိုက်ရတော့ နောက်က တန်းစီထားတဲ့ ဇာတ်ကား တွေက သူ့နေရာကို အစားထိုးယူလိုက် ကြတယ်လေ။ ဆင်ဆာခွင့်ပြုချက်ရ ပြီးပြီဆိုမှ အပိတ်ခံရတာဆိုတော့ ကျွန် တော်တို့ အတော်ထိခိုက် နစ်နာသွား တယ်။ အစိုးရသစ်လက်ထက်မှာ ကျွန်တော်တို့ ဒီကားကြီးကို အဆင့် ဆင့်ပြန်လည်လျှောက်ထား တင်ပြပြီး နောက်ဆုံး အများပြည်သူကို ပြသခွင့် ပြုသင့်ကြောင်း ခွင့်ပြုချက် ပြန်လည် ရရှိခဲ့တာမို့ အခု ကျွန်တော်တို့ ရုံရက် ရတာနဲ့ တစ်ပြိုင်နက်တည်း ရုံတင် သွားဖို့ပြင်ဆင်နေ ပါပြီ"လို့ ပြောကြား ခဲ့ပါတယ်။
အချုပ်အခြာအာဏာဆို တာ ကျုပ်မသိဘူး။ ကျုပ်သိတာက မိုးလင်းမိုးချုပ် ကျုပ်တို့တွေ့နေရတဲ့ ဟောဒီ ကျုပ်တို့ပိုင်တဲ့ပင်လယ်ကြီးကို တစ်လက်မမှ ကျူးကျော်မခံနိုင်ဘူး။ ကျူးကျော်လာသူမှန်သမျှကိုလည်း ချေမှုန်းသုတ်သင်သွားရမှာပဲဆိုတဲ့ စကားလုံးတွေနဲ့ ပင်လယ်ပျော်တို့ရဲ့ အတ္တလွန်ဆွဲပွဲ၊ တိုင်းရင်းသားတွေ ရဲ့ ဓလေ့၊ စရိုက်တွေကို လှပစွာရိုက် ကူးပုံဖော်ထားတဲ့ အဆိုပါမော်ကွန်း ဥဒါန်းရုပ်ရှင်ကားကြီးမှာကျော်ဟိန်း၊ လူမင်း၊ နိုင်းနိုင်း၊ နန္ဒာလှိုင်တို့က အဓိကသရုပ်ဆောင်ထားကြကြောင်း နဲ့ အဆိုပါဇာတ်ကားကြီး ရုံတင်ပြ သသည့်အခါ ရိုးအီနေတဲ့ဒီကနေ့ရုပ် ရှင်လောကကိုလမ်းကြောင်းသစ် တစ်ခုအဖြစ်ပုံဖော်ပေးနိုင်မယ့် ဇာတ် ကားကြီးဖြစ်လာဖွယ်ရှိကြောင်း ရုပ် ရှင်လောကသားများရဲ့ မှတ်ချက် ပေးသံများကိုလည်း ကြားသိရပါ တယ်။              http://www.yoyarlay.com  

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif