
မြစ်ကြီးနားမြို့ တောင်ဘက် ဂျာမိုင်ကောင်း ကျေးရွာရှိ ဒုက္ခသည် စခန်းတွင် မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ဦးမနန်ဒူး အမည်ရှိ တာလောကြီး ကျေးရွာမှ တိမ်းရှောင် ခိုလှုံလာသူ တစ်ဦးကို ကေအိုင်အေ နှင့် နီးစပ်သူအဖြစ် သတ်မှတ်ကာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) မှ ဗိုလ်ကြီး ကျော်စိုးလင်းနှင့် အဖွဲ့က လာရောက် ဖမ်းဆီးသွားကြောင်း ယင်းစခန်း တာဝန်ခံ ဦးတူးဂျာက ပြောကြားသည်။
ယင်းကဲ့သို့ ဖမ်းဆီးခြင်းများကို ဗန်းမော်နှင့် မိုးမောက် မြို့နယ်တို့ရှိ ဒုက္ခသည် စခန်းများတွင်လည်း ကြုံတွေ့နေ ရကြောင်း ယင်းစခန်းများရှိ တာဝန်ရှိသူများက ပြောဆိုသည်။ ဒုက္ခသည် စခန်းများတွင် ဝင်ရောက် ဖမ်းဆီးသည့် အတွက် ဒုက္ခရောက်၍ လာရောက်ကြသူများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်ပြီး မလုံခြုံဟု ထင်မှတ်ကာ ပြန်လည် ထွက်ခွာနိုင်သည့် အနေအထားများ ရှိနေကြောင်း ယင်းစခန်းများမှ တာဝန်ရှိသူတို့က တူညီစွာ ပြောဆိုကြသည်။ မြစ်ကြီးနားမြို့ရှိ အမည်မဖော်လိုသော ရဲအရာရှိ တစ်ဦးကမူ “ဒီလို ဖမ်းဆီးတာတွေက စစ်တပ်က ကိုင်တာပါ။ ကျွန်တော်တို့က တိုက်ရိုက် ဖမ်းတာမျိုး မရှိပါဘူး” ဟု The Voice Weekly သို့ ပြောကြားသည်။
www.yoyarlay.com/index.php/local-news/
0 comments:
Post a Comment