http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Jun 2012

မြန် မာ သည် တ ရုတ်၊ အမေ ရိက န်နှင့် သ ဟ ဇာ တ ဖြစ် သင့်ေ ကြာင်း ​ပြော ကြား

မြန်မာသည် တရုတ်၊ အမေရိကန်နှင့် သဟ ဇာတ ဖြစ်သင့်ကြောင်း ပြောကြားဆယ်စုနှစ် နှစ်ခုကျော်နေ အိမ်တွင် အကျယ်ချုပ် ခံရပြီးနောက် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ များကို ဝေဖန်ပြောကြားလိုက်သည်။
တရုတ်နှင့် အမေရိကန် တို့သည် မြန်မာပြည်ကို စစ်တလင်းအနေနှင့် သဘောထားပြီး မဟာဗျူဟာ အပြိုင်အဆိုင် သြဇာလွှမ်းမိုးရန် ကြိုးစားနေကြပုံကို လည်းသူက သတိပေးခဲ့သည်။ တက်ရောက်လာသော ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သောအနေအထားအတွက် လေးလေးနက်နက် စဉ်းစားပေးကြရန် အတွက်လည်း တိုက်တွန်းလိုက်သည်။ အာဏာရှင် အုပ်ချုပ်ရေးနှစ်(၅၀)အဆုံးတွင် နိုင်ငံ၏အနာဂတ်ကို သတိထားသင့်ကြောင်းလည်း သူကပြောကြား ခဲ့သည်။ နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုအချို့ ပြေလျော့သွားပြီးနောက် နိုင်ငံခြားကုမ္ပဏီများသည် သဘာဝ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံအား အလွန် အမင်း အာရုံစိုက်နေကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှပ်နှံမှု မြောက်များစွာ ရောက်လာခြင်းကို သူစိုး ရိမ်ကြောင်း မြန်မာနိုင်ငံ တွင် ခြေကုပ် ရရန် နိုင်ငံ တကာ ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာပြီး နိုင်ငံ၏ လူ့မလိုင် တစ်စု ကောင်းကျိုး အတွက်သာ ဖြစ်သွားနိုင်ကြောင်းပြောကြား ခဲ့သည်။
“ရင်းနှီးမြှပ်နှံမှုတွေကြောင့် အဂတိလိုက်စားမှုတွေ ပိုဖြစ်လာတာကို ကျွန်မတို့ မလိုချင်ဘူး။ ရင်းနှီးမြှပ်နှံမှုကြောင့် လူတန်းစား မညီမျှမှုကို ပိုမဖြစ်လာစေချင်ဘူး။ ရင်းနှီးမြှပ်နှံ မှုတွေကြောင့် အခွင့်ထူးခံလူတန်းစားတွေပိုများလာတာမလိုချင်ဘူး” ဟုသူကပြောကြားခဲ့သည်။ သဘာဝသယံဇာတ ကြွယ်ဝသော်လည်း ဆင်းရဲသည့် မြန်မာနိုင်ငံသည် သမိုင်းစဉ်အရ တရုတ်အစိုးရနှင့် ရင်းနှီးခဲ့သည်။ သို့သော် အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့မှုများကို လျှော့ချကာ မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးအောင် ပေါင်းသင်း လာသည်။ “ကျွန်မအနေနှင့် မြန်မာနိုင်ငံကို အမေရိကန်နှင့် တရုတ်ရဲ့ စစ်မြေပြင်အနေနှင့် မမြင်ရဖို့ အမြဲသတိထားနေမိတယ်။” ဟု သတင်းစာ ရှင်းလင်းပွဲ တွင် သတင်းထောက်များကို သူကပြောကြားခဲ့သည်။
“ဒီလိုမဖြစ်သင့်ဘူး။ ဒီနိုင်ငံကြီး ၂ နိုင်ငံနှင့် သဟဇာတ ဖြစ်တဲ့ နိုင်ငံပဲ ဖြစ်သင့်တယ်”ဟု ပြောကြားခဲ့သည်။ “လျှပ်စစ်ပြတ်တောက်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်ကနေ မကြာခင်က ကျွန်မ ထွက်ခွာလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဘန်ကောက်မှာ မြင်ရတဲ့မြင်ကွင်းမျိုး ရန်ကုန်မှာ အခု မြင်ရတာနဲ့ မခြားပါဘူး” စနေနေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်းသို့သွား၍ မြန်မာစစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံကာ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်သည်။ ထို့နောက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့တွင် နိုင်ငံတကာ အလုပ်သမား သမဂ္ဂ ညီလာခံတွင်မိန့်ခွန်းပြောကြားခြင်း၊ နော်ဝေးနိုင်ငံ အော်စလို မြို့တွင် မိန့်ခွန်းပြောကြားခြင်းများပြုလုပ်၍ နိုဗယ်ဆုကို လက်ခံရယူမည် ဖြစ်သည်။ ထို့နောက် ဗြိတိန်သို့ သွား၍ မိသားစုနှင့် တွေ့ဆုံပြီး လန်ဒန်ပါလီမန်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ 
www.yoyarlay.com/index.php/local-news/local-news/politics/26735-2012-06-02-06-48-55

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif