http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

နဝရတ်ရဲ့ တရုတ်ပြည် အပြန်ခရီး

မကြာသေးခင်ကမှ တရုတ်ပြည် အပါအဝင် နိုင်ငံ(၄)နိုင်ငံမှ အလည် အပတ် ခရီး ပြန်ရောက်လာတဲ့ နဝရတ်နဲ့ အင်တာဗျူး တစ်ခုလုပ်ဖြစ်ခဲ့ ပါတယ်။ "အစ်မ ယိုးဒယားရယ်၊ တရုတ်ပြည် (၄) နိုင်ငံရယ်၊ အဲဒီကိုသွားခဲ့တာ (၁၀) ရက်လောက်ကြာ သွားတယ်။ သွားတာကတော့ အလည်အပတ်အနေ နဲ့ပါပဲ။ လိုအပ်တဲ့ပစ္စည်လေးတွေ ဝယ်ဖြစ်ခဲ့ပါ တယ်။ အစ်မက (၄)နှစ်လောက် မသွားဖြစ် ခဲ့တာကြာသွားပြီလေ။ အဲဒီတော့ အလည်သွား တာပါ။ အစ်မဆိုင်အတွက် လိုအပ်တာလေး တွေ ဝယ်တယ်။ အစ်မရဲ့ဆိုင် T& Hက အခုဆို ရန်ကုန်-မန္ကလေးနယ်တွေမှာ ဆိုင်တွေဖွင့်ထား တာ။ (၈)ဆိုင်မြောက်ရှိပြီ။ အခုဆိုလာမယ့် (၂၈) ရက်နေ့မှာ နေပြည်တော်မှာ ဆိုင်သစ် ထပ်ဖွင့်ဖြစ်မယ်"လို့ပြောသွားပါတယ်။ စီးပွားရေးလုပ်ငန်းကို ဦး စီးနေတဲ့အတွက အနုပညာဘက်မှာ အလုပ်တွေ လျော့သွားတာလားဆို တော့-
"အစ်မက အခု ဇာတ်ကားတွေဘက်ကို နားနေ တဲ့အချိန်ပေါ့။ ဟိုတလောကပဲ ရုပ်ရှင်ကားကြီးရိုက်လို့ ပြီးသွား တယ်လေ။ အဲဒီကားမှာ စိတ်ရော လူရော နည်းနည်းပင်ပန်းသွား လို့ နားချင်တာလည်း ပါပါ တယ်။ပြီးတော့ အစ်မကအမြဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ ပါးပါးနဲ့ ကိုယ့်စိတ်နဲ့ကိုယ် နေချင်တဲ့သူလေ။ မိုးလင်း ကမိုးချုပ် အလုပ်တာဝန် တွေနဲ့ မနေချင်ဘူး။ အဲဒါ ကြောင့် ပြည်ပကိုထွက် လည်ဖြစ်တာလည်းပါ တယ်။မတ်လ(၂၃) ရက် နေ့ကျရင် ရွှေပြည်သာ ကဘုန်းကြီးကျောင်း မှာ အလှူရှိတယ်။ အစ်မတို့ 'မွေခံထိုက် သူ' ရိုက်တဲ့ ရုပ်ရှင် အဖွဲ့သားတွေ ရဟန်း ခံရှင်ပြုတဲ့ အလှူပွဲ ပါ။ အဲဒီအလှူမှာ အစ်မလည်းပါတယ်။ အားလုံးစုပေါင်းပြီး လှူတဲ့ပွဲလေးပေါ့။ သံဃာ (၇၅) ပါး သိမ်ဆင်းလောင်း တဲ့ပွဲလေးပါ။ ရွှေ ပြည်သာ စိန် ရတနာပါဠိတက္ကသိုလ်ကျောင်းတိုက်မှာပါ။
အဲဒီအလှူ လေးလုပ်ဖြစ်မယ်။ဒီနှစ်သင်္ကြန်တော့အစ်မတခြားဘာအစီ အစဉ်မှမရှိဘူး။ ပြင်ဦးလွင်မှာသွားနေမယ် စဉ်းစားထား တယ်။ အခုမေမေ တို့က ပြင်ဦးလွင်ရောက်နေတော့ ဒီအချိန် ဒီမှာ အရမ်းပူပေမယ့် ဟိုမှာအေးပြီးနေလို့ထိုင်လို့ကောင်း တယ်လေ။ အဲဒါနဲ့ ဒီနှစ်သင်္ကြန်တော့ ပြင်ဦးလွင်မှာ သွားနားဖြစ်မယ်ထင်တယ်"လို့ ဆိုတဲ့ နဝရတ် ကို ကျော်ဟိန်းရဲ့ တပည့်တစ်ယောက်အနေနဲ့ မင်းသားကျော်ဟိန်းဆီက ဘယ်လိုအရာတွေ သင်ယူလဲဆိုတော့- "ဦးကျော်နဲ့ပတ်သက်ပြီးပြောရ ရင် ကိုယ်နဲ့ပတ်သက်တာ အနုပညာပဲဆိုတော့ သူ့ရဲ့အနုပညာ အရည်အသွေးဆိုတော့ (၁၀ဝ) %အပြည့်အဝထောက်ခံတယ်။ ဦးကျော်ကအနုပညာနဲ့ပတ်သက် ရင် လူတော်တစ်ယောက်ပါ။ ပါစင်နယ်နဲ့ပတ်သက်ပြီးတော့ အစ်မလုံးဝမဝေဖန်ဘူး။ အစ်မ ကတော့ ကိုယ်လုပ်တဲ့ အလုပ် ကို အကောင်းဆုံးဖြစ်အောင်ပဲ လုပ်ပါတယ်။ ကျန်တာတွေ တော့အစ်မ မသိပါဘူး" လို့ ဆိုသွားပါတယ်။                  http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif