နှစ်လကျော် ဆက်တိုက် နိုင်ငံရေး စည်းရုံးရေး ခရီးစဉ်များ အဖြစ် မြန်မာနိုင်ငံ အနှံ့ သွားရောက်နေ ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာ မ၇ှိကြောင်း၊ ခရီးပန်းသည့်ဒဏ်ကြောင့် ၄င်း၏ နေအိမ်တွင် သုံးရက်ကြာ အနား ယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က The Voice Weekly သို့ ပြောကြားသည်။
“ ရောဂါကြီး မဟုတ်ပါဘူး။ အလုပ်လုပ်ရတဲ့ ရက်များသွားလို့ ခရီးပန်းသွားတာပါ။ အိမ်မှာ အနားယူနေပါတယ်။ သူ့ကျန်းမာရေးအတွက် ဆရာဝန် သုံးယောက် ရှိပါတယ်” ဟု ၄င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိသော်လည်း ထပ်မံ၍ ခရီးပန်းသည့်ဒဏ်ကို မဖြစ်စေလိုသောကြောင့် ၄င်း၏ နိုင်ငံရေးစည်းရုံးရေးနောက်ဆုံး ခရီးစဉ်ဖြစ်သော ရေနံချောင်း- မကွေး- တောင်တွင်းကြီး ခရီးစဉ်ကို မသွားတော့ရန် ဆုံးဖြတ်ခဲ့ကြောင်း ၄င်းက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလော နေအိမ်တွင်ပင် အနားယူမည်ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ နေ့ လယ်တွင် ၄င်းဝင်ရောက်ယှဉ်ပြိုင်ရာ ကော့မှူးမြို့နယ်သို့ သွားရောက်မည်ဖြစ်ကာ ကော့မှူးမြို့တွင် တစ်ညအိပ်မည်ဖြစ်ကြောင်း၊ ဧပြီ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးသည့် နေ့တွင် မဲထည့်မည့် ကော့မှူး ဒေသခံများကို အားပေးစကားပြောကြားမည်ဖြစ်ကြောင်း ဦးခွန်သာမြင့်က မတ်လ ၂၅ ရက်နေ့ ည ၇ နာရီတွင် The Voice Weekly သို့ ပြောကြားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအတွက် သမားတော်များကို လွှတ်လိုက်သည်ဟူသည့် သတင်းများ ထွက်ပေါ်နေ မှုနှင့်ပတ်သက်ကာ ဦးခွန်သာမြင့်က “ အခုထိတော့ မသိသေးပါဘူး။ ကျွန်တော် ခြံထဲက ထွက်လာတဲ့အထိ မရှိသေးပါဘူး။ သမားတော်တွေရောက် လာရင် ခြံထဲက လှမ်းခေါ်မှာပေါ့” ဟု ဆိုသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ထွန်းကားရေးကို နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ တစ်စိုက်မတ်မတ် ဆောင်ရွက်နေသူ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ နိုင်ငံရေးစည်းရုံးရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံအနှံ့ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီးများသို့ သွားရောက်ခဲ့ပြီး မတ်လ ၂၄ ရက်နေ့ မြိတ်ကျွန်းစုခရီးစဉ်သွားအပြီးတွင် ကျန်ရှိသော မကွေးခရီးစဉ်ကို ဖျက်သိမ်းကာ နေအိမ်တွင်ပင် အနားယူနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းမြိတ်ကျွန်းစု ဒေသ သို့ စည်းရုံးရေးထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် Air Mandalay လေကြောင်းလိုင်းဖြင့် မတ်လ ၂၅ရက်နေ့ ညနေ ၆ နာရီ၁၀မိနစ် ခန့်တွင် ရန်ကုန် လေဆိပ် သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း အဆိုပါ ခရီးစဉ်၌ လိုက်ပါသွားသူ သတင်းထောက် တစ်ဦးက ပြောကြား သည်။ ဒေါ်အောင်ဆန်းစုကြည် သည် အပြန် ခရီးစဉ်၌ လေယာဉ်ပေါ် တွင် လေးကြိမ်ခန့်အန်ပြီး ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် သွေးပေါင်ကျဆင်းခြင်းနှင့် ဖျားနာမှု ဝေဒနာ ခံစားနေရသည့်တိုင် မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မြိတ်ခရိုင် အားကစားကွင်း အနီး၌ ပြုလုပ်သော လူထုဟောပြောပွဲတွင် ၁၀မိနစ် နီးပါးကြာ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ဒေသ အနှံ့အပြားသို့ မဲဆွယ်စည်းရုံးရေး ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ မြိတ်ကျွန်းစု စည်းရုံးရေး ခရီးစဉ်၌ သွေးပေါင်များ ကျဆင်းခြင်း ၊ အပူရှိန်ဒါဏ် ခံစားရခြင်းနှင့် မရက်မနား ခရီးသွားမှုကြောင့် ပင်ပန်းနွမ်းနယ်မှုများ ဆက်တိုက် ကြုံတွေ့နေရသဖြင့် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက မဖြစ်မနေ အနားယူရန် အကြံပေးသဖြင့် ယခုကဲ့သို့ မကွေး ခရီးစဉ် ဖျက်သိမ်းခဲ့ရပြီး ၊ မကွေး၊ နက်မောက်၊ တောင်တွင်းကြီး အစရှိသော ဒေသများ မှ ပြည်သူလူ ထုကို တောင်းပန်ထားကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ http://www.yoyarlay.com

0 comments:
Post a Comment