ဟစ်ဟော့ပ် ဂီတ ပထမမျိုးဆက်ရဲ့ နာမည်ကြီးအဆိုတော် အနဂ္ဂနဲ့ အဆိုတော် သံသာဝင်းတို့ဟာ ထူးခြား တဲ့ ၁၂၊ ၁၂၊ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ စိန့်သြဂတ်စတင်း ဘုရားရှိခိုးကျောင်းမှာ မင်္ဂလာ လက်ထပ်ပွဲ ကျင်း ပ ခဲ့ကြပါတယ်။
အနဂ္ဂနဲ့ သံသာဝင်း၊ ဓာတ်ပုံ- သံသာဝင်း ဖေ့စ်ဘုတ်
တချိန်က နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ မင်းမင်းလတ်ရဲ့ သားဖြစ်သူ အနဂ္ဂနဲ့ အဆိုတော် နွဲ့ယဉ်ဝင်း ရဲ့ သမီးဖြစ် သူ သံသာဝင်းတို့ဟာ ချစ်သူ သက်တမ်းနှစ်အတန်ကြာကို ဖြတ်သန်းခဲ့ပြီး ကက်သလစ် ခရစ်ယာန် ဘာသာထုံးစံနဲ့အညီ ယ နေ့ မှာတော့ စည်ကားသိုက်မြိုက်စွာ မင်္ဂလာပွဲကို ဆင်ယင် ကျင်းပ ခဲ့ကြတာဖြစ်ပါတယ်။
မင်္ဂလာပွဲကိုတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ကာ မင်္ဂလာ ဆုတောင်းချီးမြှောက်ပေးခဲ့ပြီး နိုင်ငံရေးနယ်ပယ်၊ ရုပ်ရှင်နဲ့ ဂီတ နယ်ပယ်၊ စာပေနဲ့ လူမှုရေးနယ်ပယ် စတဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်များစွာလည်း တက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။
သတို့သားဖြစ်သူ အနဂ္ဂဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ ကွာရှင်းခဲ့သူလည်း ဖြစ်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ဟာ နမိတ်ကောင်းတဲ့သင်္ကေတကို ဖော်ဆောင်တယ်လို့ အယူရှိကြတဲ့ ကမ္ဘာတလွှား စုံတွဲများဟာ မင်္ဂလာပွဲ ဆင်ယင်ကျင်းပကြပါတယ်။
http://blog.irrawaddy.org/2012/12/blog-post_5769.html






Kuala Lumpur Time

0 comments:
Post a Comment