မနေ့တုန်းက ရန်ကုန်မြို့မှာ ဦးသန့်အရေးအခင်း ၃၈ နှစ်မြောက် အာက်မေ့ဖွယ်နှစ်ပတ်လည်ပွဲတခု ကျင်းပ ခဲ့ပါတယ်။ တချိန်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ မြန်မာ့ ဂုဏ်ကို ဆောင် ခဲ့တဲ့နေရာမှာ ကမ္ဘာတ၀န်းလုံးကပါ မြန်မာကို သိစေခဲ့ပါတယ်။
အဆိုပါအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဦးသန့်နဲ့ပတ်သက်ပြီး အမှတ်တရ ဖြစ်ရတာကို ပြောပြီး နိုင်ငံရေးသမားတွေ၊ တိုင်းပြည် ဦးဆောင်ကြမယ့် သူတွေအတွက်
ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဧရာဝတီကို ပြန်လည် ပြောပြခဲ့ပါတယ်။
“ဦးသန့်နဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ နားထောင်အကောင်းဆုံးလူတဦးလို့ သူ့ကို ပြောတာကို အရင်တုန်း က ဒီဟာရဲ့ လေးနက်မှုကို သိပ်ပြီး မသိခဲ့ဘူး။ နားထောင်တဲ့ အရည်အချင်း ဘယ်လောက် အရေးကြီးသလဲ ဆိုတာ ကျနော်ပိုပြီး တော့ အလေးအနက်ထား မိလာတယ်။ ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့၊ သဘောထား ကွဲလွဲသူတွေရဲ့ အသံတွေကို စိတ်ရှည် လက်ရှည်နားထောင်ဖို့ အထူးသဖြင့် အဲဒါ နိုင်ငံရေး သမားတွေအတွက် အင်မတန် အရေးကြီးတယ် ဆိုတာ ကျနော် ပြောဖြစ်ခဲ့ပါတယ်” လို့ ဦးကိုကိုကြီးက ဧရာဝတီကို ပြောပါတယ်။
http://blog.irrawaddy.org/2012/12/blog-post_142.html
0 comments:
Post a Comment