http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

မြောက်ကိုရီးယားသည် တာဝေးပစ်ဒုံးကျည်ကို ဒုံးလွှတ်စင်သို့ သယ်ဆောင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားထုတ်ပြန်

မြောက်ကိုရီးယားသည် ဧပြီလတွင် ပစ်လွှတ်ရန် ကြေညာထားသော တာဝေးပစ်ဒုံးကျည်ကို နိုင်ငံအနောက်မြောက်ပိုင်းရှိ ဒုံးလွှတ်စင်သို့ သယ်ဆောင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရတာဝန်ရှိသူများက မတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အနောက်မြောက်ပိုင်း၊ မြောက်ပြောင်ဂန်ပြည်နယ်၊ တုံချန်ရီရွာရှိ အဆောက်အအုံတစ်ခုသို့ တာဝေးပစ်ဒုံးကျည်၏ အဓိကအစိတ်အပိုင်းကို မြောက်ကိုရီးယားက သယ်ဆောင်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ဦးစီးချုပ်များအဖွဲ့မှ အမည် မဖော်လိုသော တာဝန်ရှိသူများက ပြောကြားခဲ့ပြီး အသေးစိတ် မပြောကြားခဲ့ပေ။

တုံချန်ရီရွာရှိ ဒုံးလွှတ်စင်မှာ တရုတ်နယ်စပ် တန်တုံမြို့မှ ၃၅ မိုင် အကွာတွင်ရှိပြီး ယင်းဒုံးလွှတ်စင်မှာ အသစ်ဖြစ်ကာ ပိုမိုခေတ်မီကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

မြောက်ကိုရီးယားက ၎င်းတို့ပစ်လွှတ်မည့်ဂြိုဟ်တုမှာ သိပ္ပံဆိုင်ရာအတွက်သာဖြစ်ကြောင်း ကြေညာခဲ့သည်။ ဧပြီလ ၁၅ ရက်တွင် ကျရောက်မည့် မြောက်ကိုရီးယား တည်ထောင်သူ ကင်အီဆွန်းမွေးနေ့ အနှစ် ၁၀၀ ပြည့်မည့် အထိမ်းအမှတ် ဆင်နွှဲစဉ်အတွင်း ဂြိုဟ် တုပါသော ဒုံးကျည်ပစ်လွှတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
မြောက်ကိုရီးယား၏ အစီအစဉ်မှာ ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်ပစ်လွှတ်နိုင်မှုစွမ်းရည်ကို စမ်းသပ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး နျူကလီးယား လက်နက်တပ်ဆင်ထားသော ဒုံးကျည်ကို အမေရိကန်ရှိ အလာစကာပြည်နယ်နှင့် ယင်းကိုကျော်လွန်၍ ပစ်ခတ်နိုင်ရန် မျှော်မှန်းထားကြောင်း ၀ါရှင်တန်က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားတွင် ရောက်ရှိနေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မြောက်ကိုရီးယားအနေဖြင့် ဒုံးကျည်ပစ်လွှတ်မည့်အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းသင့်ကြောင်း တိုက်တွန်းခဲ့ပြီး ယင်းလုပ်ရပ်မှာ မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာများ အကူအညီပြန်ပေးရေး သဘောတူညီချက်ကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
''အမူအကျင့်မကောင်းရင် ဆုပေးခံရမှာ မဟုတ်ပါဘူး'' ဟု အိုဘားမားက တောင်ကိုရီးယားသမ္မတလီ မြောင်ဘတ်နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ် ပြောကြားခဲ့သည်။

အိုဘားမားသည် မတ်လ ၂၅ ရက် အစောပိုင်းတွင် တောင်မြောက်ကိုရီးယား နှစ်နိုင်ငံအကြားရှိ လုံခြုံရေးထူထပ်စွာချထားသော စစ်မဲ့ဇုန်သို့ သွားရောက်ခဲ့ပြီး မတ်လ ၂၆ ရက်တွင် နျူကလီးယား ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။              http://www.weeklyeleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif