မေး - သရုပ်ဆောင်ဘက်ပိုင်းမှာ ကိုယ့်ကိုယ်ကို အရင်ထက်ပိုအားရလာပြီလား။
ဖြေ - ကျွန်တော်သရုပ်ဆောင်ပိုင်း၊ အိုက်တင်ပိုင်းမှာလည်း အရမ်းကြီးကြိုးစားနေပါတယ်။ အများကြီးတော့ လိုသေးတယ်။
မေး - သရုပ်ဆောင်တဲ့အခါ ကိုယ့်ကိုစိတ်ဖိစီးမှုပေးတဲ့ အရာတွေက . .
ဖြေ - သီချင်းရေးတဲ့အခါကျတော့ ကန့်သတ်ချက်ရှိတယ်။ ဒီလူနဲ့ ဒီစကားပဲပြောရမယ်။ ဒီအိုက်တင်ပဲလုပ်ရမယ်။ ဝမ်း၊ တူး၊ သရီး၊ ဖိုးအက်ရှင်လို့ အော်လိုက်တဲ့ အချိန်တွင်းမှာ ကိုယ့်စိတ်က လုံးဝကြည်လင်သွားပြီးတော့ ရုတ်တရက်ကိုယ်သရုပ်ဆောင်တဲ့ ဇာတ်ကောင်အတိုင်း ဖြစ်သွားဖို့ဆိုတာ တော်တော်ကို ဖိစီးမှုများပါတယ်။ ကျွန်တော် သရုပ်ဆောင်ဖြစ်လေလေ သရုပ်ဆောင်တွေကို လေးစားလေလေပါပဲ။
မေး - အချစ်ရေးနဲ့ ပတ်သက်ပြီး ဟိုတစ်လောက ကော်လာဟလတွေ ကြားလိုက်ရသေးတယ်။ အစ်ကို့ အချစ်ရေးအကြောင်း ပြောပေးပါဦး။
ဖြေ - အချစ်ရေးဆိုတာက ရာသီဥတုနဲ့ တူတယ်ဗျ။ တစ်ခါတစ်လေနေသာတယ်။ တစ်ခါတစ်လေမိုးရွာတယ်။ အဲဒီတော့ ပတ်ဝန်းကျင်ကကျတော့ဗျာ။ နေသာတာကို ကြိုက်တဲ့ ပတ်ဝန်းကျင်ရှိမယ်။ မိုးရွာတာကို ကြိုက်တဲ့ ပတ်ဝန်းကျင်ရှိမယ်။ အမျိုးမျိုးပေါ့။
မေး - ဒါဆို လက်ရှိအချစ်ရေး အခြေအနေကရော။
ဖြေ - လက်ရှိ အခြေအနေကလည်း ရာသီဥတုလိုပါပဲ။ တချို့ရက်တွေမှာ ပူပြီးတော့ တချို့ရက်တွေမှာ အေးနေတတ်တယ်။
မြန်မာသတင်းရပ်ဝန်:မှကူးယူတင်ပြသည်
0 comments:
Post a Comment