http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

Valentines’ Day တိုင်း တိုက်တိုက်ဆိုင်ဆိုင် ရည်းစားမရှိခဲ့ဘူး မြင့်မြတ် အချစ်ထက်ပိုအေးမြတဲ့ သံယောဇဉ် မေတ္တာပဲလိုချင်တယ် ဖွေးဖွေး

ချစ်သူတွေအချင်းချင်း ရင်ခုန်တိမ်းမူးဖွယ်ရာ နေ့ကလေးတစ်နေ့။ သာမန်ရက်ကလေးလို အလွယ်တကူ ပြီးဆုံးသွားတယ် ဆိုပေမဲ့ ဒီရက်ကလေးဟာ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ ချစ်သူတွေရင်ထဲမှာ နှလုံးခုန်သံတွေ တဒုန်းဒုန်း တဒိုင်းဒိုင်း တုန်ခါစေမယ့် နေ့ကလေးတစ်နေ့ပေါ့။ စည်းချက်မြန်မြန် ပန်းစည်းတွေပေးကြ၊ စည်းချက်ပွမ်ပွမ် ချော့ကလက်တွေ ခွံ့ကြ၊ စည်းချက်ကြံဖန် အချစ်အဓိပ္ပါယ်တွေ ဖွင့်ဆိုကြ… စည်းချက်လန်လန် ဘာလုပ်ကြ ညာလုပ်ကြနဲ့ စတာတွေဟာ တစ်ဦးနဲ့တစ်ဦး ချစ်မေတ္တာ ပိုခိုင်မြဲစေတဲ့ ပြယုဂ် တစ်ခုပဲ မဟုတ်လား။ Valentine’ day တဲ့။ ဒီနေ့ကလေးကို အကြောင်းပြုလို့ အနုပညာရှင် ကိုကို၊ ပျိုပျို တို့ပြောတဲ့ အချစ်အကြောင်းလေးတွေ မြည်းကြည့်ရအောင်…
Q. ချစ်ခဲ့ဖူးလား
A. မြင့်မြတ်- ချစ်ခဲ့ဖူးပါတယ်။ အချစ်ဆိုတာကိုလည်း ခံစားဖူးပါတယ်။ အချစ်ဆိုတာလည်း အမျိုးမျိုးရှိတယ်။ ၁၅၀၀ အချစ် ၅၂၈ အချစ် စသည်ဖြင့်ပေါ့။ အားလုံးကတော့ အချစ်တွေပါပဲ။
ဖွေးဖွေး - ဝိုင်းစုသီချင်းလိုပဲ ချစ်ခဲ့ဖူးလား ဖြေပါပေါ့။ ချစ်လည်း ချစ်ခဲ့ဖူးပါတယ်။
Q. အခုအချိန်မှာ နားလည်ထားတဲ့ အချစ်ဆိုတာကရော။
A. မြင့်မြတ်- အချစ်ဆိုတာ အခုအချိန်မှာ နားလည်ထားတာကတော့ မရှိမကောင်း ရှိမကောင်း ပါပဲ။
ဖွေးဖွေး- အခုကတော့ ရှင်းရှင်းပြောရရင် အချစ်ကို မလိုချင်သေးဘူး။ ပိုပြီးအေးမြတဲ့ သံယောဇဉ်တို့၊ မေတ္တာတို့ပဲ လိုချင်တယ်။
Q. ဆယ်ကျော်သက် အရွယ်တုန်းက နားလည်တဲ့အချစ်က ဘယ်လိုပုံစံမျိုးလဲ။
A. မြင့်မြတ်- ဆယ်ကျော်သက် တုန်းကတော့ အချစ်ဆိုတာ အရမ်းကို ကြည်နူးဖို့ ကောင်းတဲ့ အရာတစ်ခုပါ။ အရမ်းကိုပျော်စရာကောင်းတယ်လို့ ထင်ခဲ့မိတာပေါ့။
ဖွေးဖွေး- ဆယ်ကျော်သက်တုန်းကတော့ ကိုယ့်မှာ တွေးစရာ သိပ်မရှိဘူး။ ကိုယ့်စိတ်ကိုလည်း ကိုယ်မသိဘူး။ သူငယ်ချင်းတွေကို အရမ်းခင်တာလည်း အချစ်လို့ထင်ချင် ထင်မယ်။ ကိုယ်အရမ်းသဘောကျတာကိုလည်း အချစ်လို့ ထင်တာပဲ။ အချစ်အစစ်ကြီးတော့ မရှိခဲ့ဘူး။
Q. အခုအချိန်မှာ ချစ်နေတဲ့ အရာကရော
A. မြင့်မြတ် - အဓိကကတော့ ချစ်တယ်ဆိုတာက အတ္တဆိုတာ ဘယ်အရာမဆို ကိုယ်ချစ်ပြီ ကိုယ်ကြိုက်ပြီဆိုရင် လိုချင်တာပဲ။ အခုအချိန်မှာချစ်နေတဲ့အရာ ဆိုရင် ရှိတော့ရှိတယ် မပြောပြချင်ဘူး။
ဖွေးဖွေး- ကြယ်လေးတွေကို ချစ်နေတယ်။ ငယ်ငယ်ကတည်းက အရမ်းအထီးကျန်ပြီး စိတ်ညစ်ရင် ညပိုင်းကောင်းကင်ကို မော့ကြည့်ရင် စိတ်ချမ်းသာသွားတယ်။
Q. ဖြတ်ကျော်ခဲ့ဖူးတဲ့ Valentine Day တွေထဲက အမှတ်တရ ဆိုရင်
A. မြင့်မြတ်- ထွေထွေထူးထူးရယ်လို့ တစ်ခုမှမရှိခဲ့ပါဘူး။တကူးတက Valentine Day မှာချစ်သူနဲ့ အရမ်း Romance ဖြစ်တဲ့ အပြုအမူမျိုးလည်း တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ဇာတ်ကားရိုက်ရင်းပဲ ဖြတ်ကျော်ရတာ များတယ်။ ငယ်ငယ်တက္ကသိုလ် တက်နေတုန်းကလည်း Valentine Day တိုင်းတိုက်ဆိုင်တဲ့ ရည်းစား မရှိခဲ့ဖူးဘူး။
ဖွေးဖွေး- ဆယ်တန်းတုန်းက သူငယ်ချင်းတွေစုပြီး ချောကလက်လိုက်ဝေတာ အမှတ်ရတယ်။
Q. ဘယ်အချိန်ကစပြီး Valentine Day ကိုသတိထားမိတာလဲ။
A. မြင့်မြတ်- အတိအကျ မပြောတတ်ဘူး။ ဆယ်ကျော်သက်မှာ ထင်တယ်။
ဖွေးဖွေး- ခုနစ်တန်း ရှစ်တန်း လောက်မှာ။ အဲ့ဒီမှာ ပစ္စည်းတွေလဲနေကြပြီ။ ကိုယ်လည်းရတာပေါ့။
Q. Valentine Day မှာချစ်သူကို ပြောချင်တဲ့စကား
A. မြင့်မြတ်-ပြောလိုက်ရင် သိသွားမှာစိုးလို့ မပြောတော့ပါဘူး။
ဖွေးဖွေး- မရှိပါဘူး။
Q. ပေးချင်တဲ့ လက်ဆောင်ဆိုရင်
A. မြင့်မြတ်- မပြောပြဘူး။
ဖွေးဖွေး- လက်ဆောင်လည်း ဘယ်သူ့ကိုမှ မပေးချင်ဘူး။
Q. အဝေးရောက် ချစ်သူစုံတွဲကို ဘာပြောချင်သေးလဲ။
A. မြင့်မြတ်- အဲ့ဒီအချိန်ဆိုရင်တော့ ဝေးကွာနေတဲ့ ချစ်သူစုံတွဲတွေ အရမ်းကို သတိရနေကြမှာပါ။ ချစ်ရက်နဲ့ ဝေးနေကြတဲ့ သူတွေ ပြန်ပေါင်းနိုင်ပါစေလို့။
ဖွေးဖွေး- အချစ်စစ်ရင် ပြန်ဆုံမှာပါ။ အားတင်းထားကြပါလို့။
Q. တစ်ကိုယ်တည်း ဖြတ်သန်းမဲ့ လူအတွက်ဆိုရင်…
A. မြင့်မြတ်- အပူမရှာချင်တဲ့ လူပျိုကြီး၊ အပျိုကြီးတွေအတွက်က တစ်မျိုးပေါ့။ ယူချင်ရက်နဲ့ မရသူတွေ စိတ်မတိုဘဲ ပျော်ပျော်ဖြတ်သန်း နိုင်ကြပါစေလို့။
ဖွေးဖွေး- ချစ်သူ ရည်းစားရှိမှ မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ဖြတ်ကျော်ပါ။ ချစ်တတ်ရင် အထီးမကျန် ပါဘူးလို့။
မြန်မာသတင်းရပ်ဝန်:မှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif