၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ စီးပွားရေးအရ လာရောက်သည့် ခရီးသွားဦးရေ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ ယင်းသို့လာရောက်သည့် ခရီးသွားများတွင် ဒေသတွင်းနိုင်ငံများမှ သာမက အမေရိကန်နှင့် ဥရောပနိုင်ငံများ ပါဝင်ပြီး ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ၀င်ရောက်မှုသည် ၂၀၀၉ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင်လည်း ခရီးသွားအ၀င် တိုးတက်လာခဲ့သည်။ ၂၀၁၁ ခုနှစ် တွင်မူ မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ၀င်ရောက်မှုမှာ သိသိသာသာ မြင့်တက်လာခဲ့ကာ အလည်အပတ်ဖြင့် သာမကဘဲ စီးပွားရေးအရ လာရောက်မှုများပါ ပိုမိုများပြားလာခဲ့သည်ဟု သိရသည်။
“အရင်နှစ်တွေတုန်းက မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသွားတွေ မှာ အလည်အပတ်ကိစ္စနဲ့လာတဲ့ ခရီးသွားတွေများပါတယ်။ အခု ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွေမှာ စီးပွားရေး အရလာရောက်တဲ့ ခရီးသွားဦးရေက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ အဓိကက မြန်မာနိုင်ငံကို ပိုသိလာပြီး စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ စိတ်ဝင်စားလာကြလို့ပါ”ဟု Myanmar Tourism Services Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ကိုလင်းထိန်က ပြောပြခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ရန်ကုန်လေဆိပ်သို့ ပြည်ပခရီးသည် ခုနစ်သိန်း ခြောက်သောင်းကျော် အ၀င်ရှိခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ၀င်ရောက်ခဲ့သော ခရီးသွားဦးရေထက် ပိုမိုများ ပြားခဲ့သည်။
“မြန်မာနိုင်ငံကို အခုနှစ် နှစ်ဆန်းပိုင်းမှာ ၀င်ရောက်တဲ့ ခရီးသွားထဲမှာထိုင်းနိုင်ငံက အများဆုံး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အလည်အပတ် ခရီးသွားဦးရေကို မမီပေမယ့် စီးပွားရေးအရ လာရောက်တဲ့ ခရီးသွားဦးရေကတော့ အရင်ထက် ပိုများလာပါတယ်”ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုပြုရန် လာရောက်လိုသည့် ခရီးသွား အများအပြားရှိနေပြီး နိုင်ငံများအားလုံး တစ်ပြေးညီဆိုက်ရောက် ဗီဇာအား စိစစ်ထုတ်ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာ နိုင်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ဆိုပါသည်။
မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ လာရောက်ခဲ့သော ခရီးသွားဦးရေ
| ၂၀၁၁ ဇန်န၀ါရီ | ၅၇၈၁ |
| ၂၀၁၂ ဇန်န၀ါရီ | ၆၈၃၀ |
| ၂၀၁၂ ဖေဖော်ဝါရီ | ၈၀၉၂ |
| ၂၀၁၁ ဖေဖော်ဝါရီ | ၅၉၁၂ http://www.news-eleven.com |






Kuala Lumpur Time

0 comments:
Post a Comment