http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

16 Mar 2012

အပြာရောင် အသင်းအင်္ကျီကို ကာလရှည်ကြာစွာ ဝတ်ဆင်ချင်သေးတဲ့ တိုက်စစ်မှူး ဒရော့ဘာ

ယမန်နေ့တွင် ယှဉ်ပြိုင် ကစားခဲ့သော ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အတွင်း ဟီးရိုးဖြစ်ခဲ့သည့် အသက် ၃၄ နှစ်အရွယ်ရှိ ချဲလ်ဆီး တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာမှ အပြာရောင် ချဲလ်ဆီး အသင်း၏ အကျီင်္ကို ကာလရှည်ကြာစွာ ဝတ်ဆင် ကစားချင်နေပြီး ချဲလ်ဆီး အသင်းနှင့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုချင်ကြောင်း ဖွင့်ဟ ခဲ့သည်ဟု ဆန်းသတင်းက ရေးသားခဲ့သည်။ ဒါဟာလဲ လက်ရှိအခြေအနေနှင့် မဖြစ်နိုင်စရာ မရှိဘူးဟု သူက ဆက်လက် ပြောပြခဲ့သည်။



အဆိုပါ တိုက်စစ်မှူး ဒရော့ဘာသည် ယခုရာသီအဆုံးတွင် ချဲလ်ဆီး အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့်သူ တစ်ဦး ဖြစ်ပြီး ယခင် အသင်းဖော်ဟောင်း အနယ်ကာ ရောက်ရှိနေသည့် တရုတ် ကလပ် အသင်းမှလည်း အဆိုပါ တိုက်စစ်မှူးအား အနယ်ကာ နည်းတူ ခေါ်ယူရန် ဆန္ဒရှိနေခဲ့သည်။ အိုင်ဗရီကို့စ်သားသည် ယမန်နေ့ ကစားခဲ့သည့် နာပိုလီအား အိမ်ကွင်းတွင် (၄-၁) ဖြင့်အနိုင်ရသည့် ပွဲစဉ်အတွင်း အင်တိုက် အားတိုက် စွမ်းဆောင် ကစားနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

““ ကျွန်တော့်ရဲ့ ကံကြမ္မာကို ကျွန်တော် မပိုင်စိုး နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီအသင်းနဲ့ အတူ အချိန်အကြာကြီး နေနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ပျော်ရွှင်ခဲ့ရပါတယ်။ နာပိုလီနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်းမှာ အသင်းကို ကူညီခဲ့ပုံမျိုး ကျွန်တော့် ပုံစံတွေကို ဒီအသင်းနဲ့အတူ အများကြီး လုပ်ဆောင် ကူညီနိုင်ခဲ့ပါတယ်။ နောက်ထပ် များစွာ အကူအညီပေးနိုင် လိမ့်ဦးမယ်လို့လည်း ကျွန်တော် မျှော်လင့် ထားပါတယ်”” နာပိုလီနဲ့ ပွဲစဉ်အပြီး ဒရော့ဘာ ပြောခဲ့သည့် စကားများပင် ဖြစ်သည်။

ချန်ပီယံလိဂ် ပွဲစဉ်အတွင်း နာပိုလီ အိမ်ကွင်းတွင် ချဲလ်ဆီး အသင်းမှ သွားရောက် ကစားခဲ့စဉ် ၃-၁ ရလဒ်ဖြင့် အရှုံးပေးခဲ့ရသောကြောင့် ယမန်နေ့က အိမ်ကွင်း စတန်းဖို့ထ် ဘရစ်ခ်ျတွင် ကစားရသည့် ပွဲစဉ်သည် အနည်းဆုံး ဂိုး ၂ ဂိုး ရရှိပြီး ပေးဂိုး မရှိနိုင်ရန် လိုအပ်ခဲ့သည့် အတွက် ခက်ခဲခဲ့သည့် ပွဲစဉ်တစ်ပွဲလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း အဆိုပါ ပွဲစဉ်အတွင်း နာပိုလီအား နှစ်ကြော့ပေါင်း ရလဒ် ၅-၄ ဖြစ်အောင် စွမ်းဆောင်ခဲ့သည့် သူများအတွင်း ဒရော့ဘာ၏ အခန်းကဏ္ဍသည် အဓိက ပါဝင် နိုင်ခဲ့သည်။

ထပ်လောင်း ပြောပြခဲ့သည့် သူ့စကားအတွင်းမှာတော့ ““လူပေါင်း မြောက်များစွာက ကျွန်တော့်ကို ဒီပွဲဟာ မင်းအတွက် နောက်ဆုံး ချန်ပီယံလိဂ် ပွဲစဉ်ပဲ ဖြစ်လာလိမ့်မယ် ဒရော့ဘာလို့ ပြောခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော် ရှေ့ဆက်ပြီး စွန့်စားခန်းတွေ ပြုလုပ်ရဦးမယ် ထင်ပါတယ်။ ဟိုးအချိန်တွေ ကတည်းက ရှိခဲ့တဲ့ ချဲလ်ဆီး ပုံစံကို မနေ့က ကျွန်တော် မြင်ခဲ့ရတာ အလွန် သာယာ လှပါတယ်””ဟု ပြောသွားခဲ့ကြောင်း သိရသည်။
   http://mutdfan.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif