ဂျပန်နိုင်ငံမှ ရုပ်သံရိုက်ကူးရေး အဖွဲ့ Tokyo Broadcasting System Inc. မှ ထုတ်လွှင့်ပြသမည့် Discovery of the Worlds Mysteries ဇာတ်လမ်းတွဲတွင် မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ရိုက်ကူးရန်အတွက် ဂျပန်ရုပ်သံ ရိုက်ကူးရေးအဖွဲ့သည် မတ်လ ၁၃ ရက် နေ့က ပုဂံမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။အဆိုပါအဖွဲ့သည် ပုဂံသို့ မတ် လ ၁၃ ရက်နေ့တွင် ရန်ကုန်မှ လေကြောင်းဖြင့် ရောက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရိုက်ကူးရေးကာလ ၁၀ ရက်ကျော် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အကြောင်း ရုပ်သံရိုက်ကူးခြင်းအား ဂျပန်နိုင်ငံ TV Man Union Inc. နှင့် Asia Production Services CO.Ltd.(APS) တို့ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပြီး ရိုက်ကူးရေးခရီးစဉ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး လိုက်ပါကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ ရိုက်ကူးရေး အဖွဲ့အနေဖြင့် ပုဂံဒေသ အပါအ၀င် ရန်ကုန်၊ ကျိုက်ထီးရိုး၊ မန္တလေး၊ အင်းလေးဒေများသို့ ရိုက်ကူးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ http://www.news-eleven.com






Kuala Lumpur Time
မဆိုးပါဘူး...ဆိုဒ်အသစ်ပေမဲ့ ကောင်းပါတယ်ဗျာ...
ReplyDelete