ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေကို ပြည်သူလူထုက အားပေး ကြိုဆိုခဲ့ပါတယ်။
လှည်းကူးမြို့နယ် စခန်းကြီး ကျေးရွာ၊ မှန်ကုန်း ၊ ထိန်သုံးပင် ၊ ကလီထော် ၊ မန်ကျည်းကန် ၊ ရွှေကြာကန်ကျေးရွာ၊ ကျောက်ကုတင် ကျေးရွာ၊ ကဒစ် ၊ နုတ်ခမ်းတိုက်ကျေးရွာ၊ သပိတ်ကုန်း နဲ့ စာဘူးတောင်း စတဲ့ ကျေးရွာပေါင်း ၁၀ ရွာကို စည်းရုံးရေး ဆင်းခဲ့ပါတယ်။
မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေကို လာမယ့် မတ်လ ၁၁ ရက်နေ့အထိ ဆက်တိုက် လုပ်ဆောင်မှာ ဖြစ်ပြီး ဆယ်တန်းစာမေးပွဲ ဖြေဆိုမယ့် ကာလတွေမှာတော့ ရပ်နားထားမှာ ဖြစ်ကြောင်း သိရပါတယ်။
ကိုဖြိုးမင်းသိန်းစည်းရုံးရေးခရီးစဉ် ရုပ်သံကို ဧရာဝတီ စာမျက်နှာများမှာ မကြာခင် ထုတ်လွှင့်ပြသတော့မှာပါ။
ဧရာဝတီဘလောမှကူးယူတင်ပြသည်

0 comments:
Post a Comment