ရန်ကုန်မြို့ ဒဂုံမြို့နယ်က Gallery 65 ပြခန်းမှာ စက်တင်ဘာလ ၂၂ ရက်ကနေ ၂၅ ရက်အထိကျင်းပတဲ့ မြစ်တစင်း၏ပုံရိပ် အနုပညာပြပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုနေစဉ်။
စိတ်ပါဝင်စားသူ ပန်းချီဆရာနဲ့ အနုပညာရှင်တွေက သူတို့ကိုယ်တိုင် ရေးသားထားတဲ့ ပန်ချီကားတွေကို စုပေါင်းထည့်ဝင် ပြသထားကြောင်း ဒီပန်းချီပြပွဲမှာ ဦးဆောင်ပါဝင်သူ ပန်းချီဆရာတစ်ဦးက အခုလိုပြောပြပါတယ်။
စတင်ရည်ရွယ်တုန်းကတော့ အန်အယ်ဒီ ဖားအံမြို့နယ် ရန်ပုံငွေအတွက် ရည်ရွယ်ခဲ့ပေမယ့် ပါဝင်ကူညီလာတဲ့ ပန်ချီကားတွေ များလာတာကြောင့် အဖွဲ့ချုပ်ရန်ပုံငွေပွဲအဖြစ် တိုးချဲ့စီစဉ်ခဲ့တာလို့ ဆိုပါတယ်။ ရောင်းလို့ရတဲ့ ပန်းချီကားတွေရဲ့ ၇၀ ရာနှုန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရန်ပုံငွေအဖြစ် ထောက်ပံဖို့ သတ်မှတ်ထားပါတယ်။
ဒါပေမယ့် ပန်ချီဆရာအတော်များများက အပြည့်လှူကြတာများတယ်လို့ သိရပါတယ်။ ဒီပန်းချီပြခန်းမှာ ရေဆေး၊ ဆီဆေး စတဲ့ပန်းချီလက်ရာမျိုးစုံ ကားပေါင်း ၁၀၀ ကျော်လောက် ပြသထားပါတယ်။

0 comments:
Post a Comment