စာရေးသူအတွက်မူ တခါမျှ ရန်ကုန်ပရိသတ်နှင့် ထိတွေ့ဖူးခြင်းမရှိလေသောကြောင့် ရန်ကုန်ပရိသတ်နှင့် ထိတွေ့ခွင့်ရသည်ကိုပင် ကျေးဇူး တင်ရမည် ဖြစ်ပေသည်။ တရားပွဲများ ဆက်လက်ပင့်ကြရာ အချိန်မရ၍သာ လက်မခံနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အာဖဂန်သံစဉ်မှ မြန်မာသံစဉ်သို့ ပြောင်းသွားသော်လည်း အားပေးမြဲဖြစ်သော ရန်ကုန်ပရိသတ်ကို အထူးကျေးဇူးတင်ရမည် ဖြစ်ပေ၏။
အပြန် လေယာဉ်ပေါ်တွင် တိပိဋကဓရ တိပိဋကကောဝိဒ (အာဂုံပြန်ဆိုရော၊ ရေးဖြေပါ) အောင်မြင်ခဲ့သူ တိပိဋက အသစ်စက်စက် တိပိဋက ပူပူနွေးနွေးဖြစ်သော တေရသမတိပိဋကဓရ ဆရာတော် ဦးဣန္ဒာစရိယနှင့် ထိုင်ခုံမှာ အတူဆုံဖြစ်ကြပေသည်။ စာရေးသူက ယာအစွန်၊ တိပိ ဋကဆရာတော်က အလယ်ကောင်၊ စီးပွားရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဝဲအစွန်တွင် အတူထိုင်ကြရလေသည်။
တိပိဋကဆရာတော် ဦးဣန္ဒာစရိယကမိတ်ဆက်ပေး၍ ဝန်ကြီးနှင့်စကား ပြောဖြစ်ကြပေသည်။
အကျဉ်းသားအရေးကို စတင်ဆွေးနွေးဖြစ်၏။ သည်လောက်များပြားသည့် အကျဉ်းသားများကျန်ရှိနေသေးသည်ကို တအံ့တသြဖြစ်နေ သည်ကို တွေ့ရလေ၏။ စာရေးသူကိုလည်း ဂျာနယ်လ်တစ်ခုမှာ တွေ့လိုက်ရကြောင်း၊ စိတ်မကောင်းကြောင်း လျှောက်ပြလေ၏။ “တပည့် တော်တို့ကတော့ သမိုင်းရဲ့တရားခံအဖြစ်မခံနိုင်ဘူး” ဟု ဦးစွာပထမပြောကြားချက်ကိုလည်း ချီးကျူးလိုက်မိ၏။
တရားပွဲတွင် ပွဲမိန့်ခက်ခဲနေပြီး အရက်ဆိုင်တွေ ပါမစ်လွယ်ကူနေသည့်အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့လေသည်။
တိပိဋကဆရာတော်ကား ခေတ်အမြင်ရှိသူ ဖြစ်ပေမည်။ စီးပွားရေးဝန်ကြီးနှင့် စီးပွာရေး၊ ကြီးပွားရေးအကြောင်း တလမ်းလုံးဆွေးနွေးလာ သည်ကို တွေ့ရ၏၊။
လေဆိပ်သို့ရောက်သည့်အခါ စာရေးသူက ခရီးသည်တင် ဘတ်စ်ကားဆီသို့သွားသည်ကို ဝန်ကြီးက လက်အုပ်ချီ၍ သူ့ကားပေါ်သို့ပင့်လေ သည်။ လေဆိပ်ဧည့်ခန်းသို့ စာရေးသူတို့အားပင့်သွားပြီး ရှိခိုးဦးချ၏။ နဝကမ္မလှူ၏။ သြဝါဒခံယူ၏။ ထိုင်ခုံပေါ်ထိုင်ခိုင်းသော်လည်း မထိုင် ပေ။
အရှင်ဘုရားပြောသည့် အကျဉ်းသားအရေးကို ဦးစားပေးအနေဖြင့် သမ္မတကြီးထံ တင်ပြပေးမည်ဖြစ်ကြောင်းလည်း ကတိပြုသွားပေသည်။ စာရေးသူက အကျဉ်းသားလွတ်မြောက်ရေးအတွက် ဆောင်ရွက်ပုံအဆင့်ဆင့်ကိုပြောပြခဲ့ပြီး “သမ္မတကြီး အနေဖြင့် လွှတ်ပေးဖို့ အစီအစဉ်ရှိ/မရှိ”သိချင်တာပါ။ အစီအစဉ်ရှိလျှင် ဆက်လက်တောင်းဆိုတော့မှာမဟုတ်ကြောင်း၊ အစီအစဉ်မရှိတော့ဘူးဆိုလျှင် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း တင်ပြထားသောကြောင့် အထက်ပါအတိုင်း ကတိပေးသွားခြင်းဖြစ်ပေသည်။
သည်ဝန်ကြီးကား အရပ်သားဝန်ကြီးဖြစ်၍လော မသိပေ။ ရိုးရှင်းပွင့်လင်း၍ ဟိတ်ဟန်ကင်းကာ ပြည်သူ့အသံကို လိုလားနှစ်ခြိုက်စွာ နား ထောင်သည့်အလျောက် အလေးအနက်ထား၍ ဆောင်ရွက်မည့်အကြောင်းလည်း ကတိပေးလေသည်။
ကားလာမကြိုလျှင် သူ့ကားနှင့်လိုက်ပို့မည်ဆို၏။ ဝန်ကြီးမဖြစ်ခင်က ကားအကောင်းစားစီးခဲ့သော်လည်း ဝန်ကြီးဖြစ်သည့်အခါ ကား အ ကောင်းမစီးတော့ဘဲ ကားအဟောင်းသာစီးတော့သည်ဟုဆို၏။ ထိုသို့စီးခြင်းမှာ ပြည်သူတွေ အမြင်စောင်းမှုကို မခံယူလိုသောကြောင့် ဖြစ် သည်ဟုလည်း လျှောက်ထားနေလေသည်။
သူပြန်သွားသည့်အခါ စာရေးသူ၏ကျောင်းသားကိုပင် အားရလှိုက်လှဲစွာ လက်ပြနှုတ်ဆက်သွားသေး၏။
ဒီလို ဝန်ကြီးမျိုး အစိုးရအဖွဲ့အတွင်းမှာ စင်းလုံးချောမဟုတ်လျှင်သော်မှ အများစုဖြစ်ခဲ့ပါမှု တိုင်းသူပြည်သား စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေကြရမည်မှာ အမှန်ပင်။
စာရေးသူကား အစိုးရဝန်ကြီးများနှင့် သည်တစ်ခါသာ ဆုံတွေ့ဖူးခြင်းဖြစ်ရာ အခြားသောဝန်ကြီးများ မည်သို့မည်ပုံရှိ မည်ကို မသိရပါပေ။ ဝန်ကြီးတိုင်း ဝန်ကြီးတိုင်း ဦးဝင်းမြင့်လို ရိုးသားပွင့်လင်းဟိတ်ဟန်ကင်း၍ ခံယူချက်၊ ယုံကြည်ချက်တို့ ဖြူစင်မြင့်မား ခိုင်မာခန့်ငြားသော ဝန်ကြီးများဖြစ်ကြပါလျှင်ဆိုသည့်အတွေးနှင့် ရန်ကုန်ဓမ္မခရီးစဉ်ကို ကောင်းခြင်းမင်္ဂလာများစွာနှင့် အဆုံးသတ်ခဲ့ရပေတော့၏။ (တိပိဋကဆရာတော်နှင့် စာရေးသူတို့အား ဝန်ကြီးဦးဝင်းမြင့်၏ အလှူငွေမှာ တစ်ပါးလျှင် ငွေကျပ်တစ်သိန်းဖြစ်ကြောင်း သိရပါသည်။)
ဦးပဉ္စင်းဝီရသူ (ဓမ္မသဟာယကျောင်းနာယက) မစိုးရိမ်တိုက်သစ် မန္တလေး ဖုန်း ၀၉-၂၀၀၄ ၀၁၃
moemaka.blogspot.com
0 comments:
Post a Comment