http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

11 Nov 2012

ရွှေဘို ငလျင် လူ ၆ ဦးထက် မနည်း သေဆုံး





စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျင်တခု ယနေ့ နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်က လှုပ်ခတ် မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၆ ဦး ရှိခဲ့သည်။

သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဥ့်ကူး ဆက်နွယ်သော မြစ်ကူးတံတား ဆောက်လုပ်ရေး လုပ်ငန်း ခွင်တွင် သေဆုံးသူ ၂ ဦး၊ 
စဥ့်ကူးမြို့ ကျည်တောက်ပေါက် စားသောက်ဆိုင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် သေဆုံးသူ ၁ ဦး နှင့် မန္တလေးမြို့ သွေးလန့် သေဆုံးသူ ၁ ဦးစုစုပေါင်း ၆ ဦး ဖြစ်သည်။  

ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ ဦး တွင်းထဲတွင် ပိတ်မိလျက်ရှိနေသည်။

မြေငလျင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရသည်။ 
http://blog.irrawaddy.org/2012/11/blog-post_479.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif