http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

11 Nov 2012

ဆင်းရဲမွဲတေမှုက လူ ၂၅ ဦး သေဆုံးသည်ထိ ဖြစ်ခဲ့ရ




မီးလောင်ဒဏ်ရာ ရသူကို ကုသပေးနေသည့် မြင်ကွင်း၊ ဓာတ်ပုံ- မြန်မာအလင်းသတင်းစာ

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ ပညာ မသင်ကြားနိုင်မှုတွေရဲ့နောက်ဆက်တွဲတွေက အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့တာကို ယမန်နေ့က ကန့်ဘလူ မီးရထား တိမ်းမှောက်တာနဲ့ သက်သေ ထူခဲ့ပါတယ်။ 

လူပေါင်း ၂၅ ဦးသေဆုံးပြီး ၆၀ ကျော် မီးလောင်ဒဏ်ရာရခဲ့တဲ့ ၀မ်းနည်းဖွယ် ဖြစ်စဉ်တခု နိုဝင်ဘာလ ၈ ရက် နေ့ ည သန်းခေါင်းကျော် အချိန်က ကန့်ဘလူမြို့နယ်အနီးမှာ  ဖြစ်ခဲ့ပါတယ်။ 

ဖြစ်ပုံက မန္တလေး ဘူတာကြီး က ထွက်လာ တဲ့ ရထားတစင်းဟာ  ကန့်ဘလူမြို့နယ် ချပ်ကြီး ဘူတာ အ၀င်နားမှာ နောက်မှာပါလာတဲ့ ဆီတွဲ ၃ တွဲဟာ တိမ်းမှောက်ရာက ဆီတွဲ ၂ တွဲက လောင်စာဆီတွေ ဖိတ်ယိုကျခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီလို ဆီတွေ ဖိတ်ယိုကျခဲ့တာကို အနီးနားမှာ ရှိတဲ့ ဒေသခံတွေက လာရောက်ခပ်ယူခဲ့ရာမှာ မီးလောင် မှုကြောင့် လူပေါင်း ၂၅ ဦး သေဆုံးခဲ့ကြပြီး ၆၂ ဦး မီးလောင်ဒဏ်ရာတွေ ရ ခဲ့ကြတယ်လို့ ယနေ့ နိုင်ငံပိုင် သတင်းတွေက ဖော်ပြထားပါတယ်။ 

ထူးခြားတာကတော့ ယခင်တုန်းက ဒီလို သတင်းတွေကို နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်း ဖော်ပြ 
လေ့ မရှိခဲ့ပါဘူး။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif