ရီးရဲလ် အသင်း ဂိုးသမား ကာဆီးလက်စ်မှ သူတို့ အသင်းမှာ ယခုနှစ် ရာသီ၏ လာလီဂါ ဆုဖလားကို လက်လွှတ်ရနိုင်ကြောင်း ဖွင့်ဟ ပြေဆို ခဲ့သည်။ ယမန်နေ့က ကစားခဲ့သည့် ဗလင်စီယာနှင့် ပွဲစဉ်တွင် ဂိုးမရှိ သရေ ရလဒ်သာ ရယူနိုင် ခဲ့သောကြောင့် ဒုတိယ နေရာမှ ဘာစီလိုနာ အသင်းနှင့် (၄) မှတ်သာ ကွာဟတော့သည့် အခြေအနေသို့ ရောက်ရှိသွားခြင်းကြောင့် ကာဆီးလက်စ်မှ ယခုလို ဖွင့်ဟ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ “လာလီဂါ ဖလာကို လက်လွှတ်ရနိုင်တယ်လို့ ကျွန်တော် ထင်နေပါတယ် ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့က ခုချိန်ထိ ဘာမရသေး ပါဘူး ဘာစီလိုနာ အသင်းကလည်း တိုက်ပွဲ ၀င်နေဆဲ ဖြစ်လို့ပါ”ဟု ကာဆီးလက်စ်မှ သတင်းထောက် တစ်ဦးသို့ ပြောဆိုခဲ့သည်။ http://www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment