http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Apr 2012

မြန်မာရုပ်သံ ဇာတ်လမ်းတွဲတွေ ရိုက်စေချင်တဲ့ မိုးအောင်ရင်


မြန်မာရုပ်သံ ဇာတ်လမ်းတွဲတွေ ရိုက်စေချင်တဲ့ မိုးအောင်ရင်
ဒွေး၊ ရာဇာ နေဝင်းနဲ့ ထက်ထက်မိုးဦး တို့ရဲ့ ဇာတ်ကားကို ‘လျှို့ဝှက် ရင်ခုန်သံ’ ဆိုပြီး ပြန်ရိုက်တဲ့ ဇာတ်ကားမှာ မိုးအောင်ရင်က စိုင်းစည် တွမ်ခမ်း၊ ဝတ်မှုံ ရွှေရည် တို့နဲ့သရုပ်   ဆောင်နေပြီး ဒီ ဇာတ်ကားမှာ ရာဇာနေဝင်း နေရာက သရုပ် ဆောင်ရတာ ဖြစ်ပါတယ်။
ရာဇာနေဝင်း နေရာက သရုပ် ဆောင်ပေမယ့် အရင်တုန်းက ဇာတ်ကား ကိုတော့ မကြည့်ဖူး ကြောင်းလည်း ဆက်ပြော ပါသေးတယ်။ ဧပြီ ၁ဝရက် နေ့မှာ မိဘတွေ ဆီ အလည်သွားမှာဖြစ်တဲ့ မိုးအောင်ရင်က အင်္ဂလန် ကိုတော့ အခုထိ ဗီဇာမရသေး   ကြောင်း  ပြောပါတယ်။
”ဂျာမနီကတော့ သေချာတယ်။အဖေတို့က အင်္ဂလန်မှာ နေတာ။ သူတို့လည်း ဂျာမနီကိုလာမယ်။ အင်္ဂလန်ကို ဗီဇာမရရင်လည်း မသွား ဘူးပေါ့။ အင်္ဂလန် မသွားတာဘဲ ရှိမှာပါ။  ဂျာမနီပြီးရင် ပြင်သစ်တို့ ၊အီတလီ တို့၊ တခြား Europe ကသွားလို့ရတဲ့ နိုင်ငံတွေ သွားမယ်လို့ စဉ်းစား တယ်။
အဲဒီနိုင်ငံ တွေကိုလည်း ရောက်ဖူး ချင်တယ်လေ။ ရောက်အောင်သွားမှာပါ။ အဖေနဲ့ အမေကိုခွဲရမှာ ကြောက်ပေမယ့် မိသားစုပဲ၊ တွေ့ရင်လည်း တွေ့ရမယ်၊ မတွေ့ရတဲ့ အခါ လည်းရှိမှာပဲ ဆိုတဲ့ စိတ်ပဲ အခုတော့ ထားထားတယ်။ စိတ်တွေ အကုန်လုံး လျှော့ထားလိုက် တယ်။ အနား မှာလည်း ကျွန်တော်တို့ကိုတရား ချမယ့် လူရှိနေပြီ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက် ဗုဒ္ဓဘာသာ ထဲကို ဝင်လိုက်တာ သိပ်မကြာသေးဘူး။
သူက ကျွန်တော့်ကို နေ့တိုင်းတရားချနေတာ။ ဒါကြောင့် စိတ် လည်းတဖြည်းဖြည်းနဲ့ ထားတတ်လာ တယ်။စိတ်ထဲမှာ အခုချိန်ထိကိုဘာဖြစ်နေမှန်းမသိ သေးဘူး။ စိတ်အနှောင့်အယှက် တစ်ခုခုက ဖြစ်ကိုဖြစ်နေတယ်။
စိတ်ထဲမှာ မကြည်မလင်လည်း ဖြစ်နေတယ်။ ဒါပေမဲ့ စိတ်လျှော့လိုက် ရင် အဆင်ပြေတာပဲလေ။ ဒါကြောင့် တတ်နိုင် သလောက် အခု စိတ်လျှော့ ထားတယ်”လို့ ပြောပါတယ်။
လက်ရှိ ရုပ်ရှင် လောကမှာTV Channel တွေလည်း အများကြီး ရှိလာ ပြီဖြစ်တဲ့အတွက် TV Series တွေလုပ်စေချင်ပြီလို့ ပြောတဲ့ မိုးအောင်ရင်က ”ကျွန်တော်တို့က ဗီဒီယို လောက်တော့ TV Series မှာ ဈေးရမှာ မဟုတ်ဘူး။
TV Series ကို ဈေးဘယ်လို ဖြတ်မလဲ၊ သူ့ရဲ့ဈေးကွက်က ဘယ်လိုသွားမလဲ ဆိုတာမျိုး Market  အသစ်ကြီး ပြန်လုပ်ရမှာ။ကျွန်တော်ကတော့အဲဒီပုံစံကို ပြောင်းစေချင်ပြီ။အဲဒီလိုဖြစ်သင့် တယ်လို့ ယူဆမယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒီလိုပြောင်းလဲသွား ရင်ပထမဆုံးအကျိုးကျေးဇူးက ရက်တွေ မလောက်တာတွေဖြစ်လာမယ်မထင်ဘူး။ ပြီး တော့ကိုယ့် ရှုတင်ဟာကိုယ့်ဟာပဲလေသဘော တရားက နိုင်ငံခြားမှာဆိုရင်လည်း ဒီမင်းသား ကိုတင်ပြီးရိုက်တဲ့ ဒီဇာတ်ဆိုအဲဒီမင်းသား ဟာပဲ။ ဥပမာHeroတို့ဆို အဲဒီမင်းသားရဲ့ ဇာတ်၊သူ့ရှုတင်ပဲ။အားလုံးက လိုင်းကွဲတယ်။
သူ့ဟာနဲ့သူ အသီးသီးဖြစ်နေကြတာ။တကယ် လို့ဒီကိစ္စကိုအကောင်အထည်ဖော်ဖြစ်ရင် တော့ အဲဒီလိုဖြစ်လာမယ် ထင် တယ်”လို့ မြန်မာရုပ်သံ ဇာတ်လမ်း တွဲတွေ ရိုက်စေချင် ကြောင်းပြောပြပါတယ်။
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif