http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Apr 2012

မင်းသမီးကြီး ၆ ယောက်၊ မင်းသားငယ် ၆ ယောက်နဲ့ ဒီဗီဒီကား ရိုက်မယ့် ဒါရိုက်တာ သားညီ


မင်းသမီးကြီး ၆ ယောက်၊ မင်းသားငယ် ၆ ယောက်နဲ့ ဒီဗီဒီကား ရိုက်မယ့် ဒါရိုက်တာ သားညီ
အခု လက်ရှိမှာ ရာမည ဗီဒီယို ထုတ်လုပ် ရေးအတွက် အချစ် ရိုမန့် ဇာတ်ကား တစ်ကားမှာ ပါဝင် သရုပ်ဆောင် ရိုက်ကူး ပေးနေတဲ့ သားညီကို မြန်မာ့ ရုပ်ရှင် အစည်းအရုံး   ပြန်လည် ရွေးချယ်တဲ့နေ့ တုန်းက ဘယ်သူတွေကို မဲပေး ခဲ့တာလဲလို့ မေးတော့…
”ကျွန်တော် ဦးဌေး (ဇင်ဝိုင်း)၊ ကိုလူမင်း၊ မခိုင်ကြီး (ထွန်းအိန္ဒြာဗို)  ၃ ယောက် ခြစ် လိုက်တယ်” လို့ ပြောပါတယ်။ အဲဒီနေ့ကလည်း ခြေချစရာနေရာ မရှိအောင် ရုပ်ရှင်နဲ့ ဗီဒီယိုလောကသားတွေ အများကြီးလာရောက် မဲပေးကြတာဆိုတော့ နောက်ပိုင်း ဒီ ထက်ပိုပြီး ဖွံ့ဖြိုးပြောင်းလဲတော့မယ့် လမ်းစလို့ မြင်မိလား ဆိုတော့…”ကျွန်တော်ကတော့ ကျန်တဲ့ကိစ္စတွေကို မပြောချင်ပါဘူး။
လူကြီးတွေလည်း လုပ်နေ ကြတာပါပဲ။ ကျွန်တော်ကတော့ ဇာတ်ကားလေးတွေကို အရည်အသွေးမီမီနဲ့ ကောင်းကောင်း မွန်မွန်လေးရိုက်စေချင်တယ်။ ကျွန်တော်တို့ လိုကေးရှင်းကောင်းကောင်း၊ တင်ပြပုံ   ကောင်း ကောင်းနဲ့ ဇာတ်ကားလေးတွေ မကြည့်ရတာ အတော် ကြာပြီလေ။
ရှုတင်အိမ်တွေ ဆိုရင်လည်း ဒီလိုအိမ်တွေထဲမှာပဲ ပိတ်ရိုက်နေ ရတာလေ။ ကျွန်တော်ဆို ပိုဆိုးတယ်။ တစ်ခါတလေ တစ်ခါမှမကြုံဖူးတဲ့ သရုပ်ဆောင် တွေနဲ့ ရိုက်ရတဲ့အခါမျိုးတွေရှိတယ်။ ပရိုဂျူ ဆာတွေ ဘက်က တစ်ခါတလေ ချစ်တီးကျ တာမျိုးလေးတွေ ရှိတယ်။
အဲဒီတော့ သရုပ်ဆောင် သင်တန်း လေးတွေဖွင့်ပြီး တကယ် သရုပ်ဆောင်ချင်တဲ့ သူတွေနဲ့ ကျွန်တော်တို့ လောကလေးကို တိုးတက်စေချင်တယ်။ အခု ဟာက လူလေး ငါးရှစ်ဆယ်လောက်နဲ့ပဲ အလုပ်ပတ်လုပ်နေကြရ တော့ ထပ်လာနေပြီ။
နောက်ပိုင်းမှာ လူသစ်တွေ ထပ်ပေါ်လာစေ ချင်တယ်”လို့ ဆိုပါတယ်။ အခုလိုလုပ်လိုက်တဲ့ အတွက် အရင်က ထက်ပိုပြီးတော့ အရှိန် အဟုန်တွေ ကောင်းလာမှာ ဖြစ်ကြောင်း၊ အရင် တုန်းကထက်လည်း ပိုမိုစည်းရုံးပြီး တိုင်တိုင်ပင် ပင်နဲ့ဖြစ်လာကြမှာ ဖြစ်ကြောင်း၊ တစ်ခုခု ပြဿနာရှိပြီ ဆိုရင်လည်း  ရင်းရင်းနှီးနှီးနဲ့ အိမ်က မိသားစု ထမင်းဝိုင်းမှာ ပြောသလိုမျိုးပဲ ပြောလို့ရလာမယ် ထင်ကြောင်း၊ တစ်ယောက် အခက်အခဲ တစ်ယောက် တင်ပြပြောလို့ရ လာမှာဖြစ်ကြတဲ့ အတွက် ပိုပြီးအဆင်ပြေလာ မယ်လို့လည်း ထင်ကြောင်း သားညီက ဆက်လက်ပြောပြ ပါတယ်။
သင်္ကြန်နားနီးလာ ပြီဖြစ် တဲ့အတွက် သင်္ကြန်အစီအစဉ်ကို မေးကြည့် တော့…”သူငယ်ချင်းတွေ ကတော့ မန္တလေးကိုလာဖို့ လှမ်းပြော ထားတာ ရှိတယ်။ မသေချာသေးပါဘူး။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် သင်္ကြန်တွင်းကို ဘယ်မှမထွက်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် နေပူလို့။ သင်္ကြန်မှာ အိမ်မှာပဲ ရှိနေဖို့များမယ်။ ကျွန်တော့်ရဲ့သားနဲ့ ဆော့မယ်” လို့ပြောပြပါတယ်။
သင်္ကြန်ပြီး သွားရင်တော့ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး (မေလထဲ မှာ) ဒီဗီဒီတစ်ကား ရိုက်ဖို့ရှိပါတယ်။ အဲဒီ ဇာတ်ကားကြီးထဲမှာတော့ မင်းသမီးကြီး ၆ ယောက်၊ မင်းသားငယ် ၆ယောက်ပါဝင်မှာ ဖြစ်တဲ့အတွက် ဘယ်သူတွေနဲ့လဲလို့ မေးတဲ့ အခါ မပြောပြသေးဘူးလို့ ရယ်ရယ်မောမော ပြန်ဖြေခဲ့ပါတယ်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif