မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်း ဖုန်းကဒ်များကို ရန်ကုန်နှင့် မန္တလေးမြို့ များတွင် လာမည့်ဧပြီ ၉ ရက်နေ့တွင် ချထား ပေးမည် ဖြစ်ရာ အဆိုပါ တန်ဖိုးနည်း ဖုန်းများကို Today's Mobile အရောင်း ဆိုင်မှ အကြွေးစနစ် ၃ မျိုးခွဲခြား၍ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အြွေကးစနစ် ၃ မျိုး မှာ ၄ လစနစ်၊ ၅ လစနစ်၊ ၆ လစနစ် စသည့် အကြွေးစနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။ ပထမ ၄ လ အကြွေးစနစ်မှာ ဟန်းဆက်မပါ ဖုန်းကဒ်၏ တန်ဖိုး ၂၂၇၀ဝ၀ ကို ပေးဆောင်ရမည်။
ပထမအရစ် အနေဖြင့် ၇၇၀ဝ၀ ကျပ်ကို ပေးဆောင် ရမည် ဖြစ်ပြီး ကျန်သည့် ၁ သိန်းခွဲကို ၄ လဖြင့်စား၍ အရစ်ကျပေး သွင်းရမည်ဖြစ်သည်။ ၅ လ အကြွေး စနစ်မှာ ဟန်းဆက်မပါ ၂၃၁၅၀ဝ ကျပ်ကို ပထမအရစ် အနေဖြင့် ၈၁၅၀ဝ ကျပ်ကို ပေးဆောင်ရမည် ဖြစ်ပြီး ကျန်ငွေ တစ်သိန်းခွဲကို ၅လဖြင့် အရစ်ကျ စား၍ ပေးသွင်းရမည် ဖြစ်သည်။
၆ လ အကြွေးစနစ်မှာ ၂၃၇၅၀ဝ ကျပ်ကို ၈၇၅၀ဝ ကျပ်အရင် ပေးဆောင်ရမည် ဖြစ်ပြီး ကျန်ငွေ ၁ သိန်းခွဲကို ၆ လဖြင့်စား၍ အရစ် ကျ ပေးဆောင်ရမည် ဖြစ်သည်။ အကြွေး စနစ်ဖြင့် ဝယ်ယူသူများ အနေဖြင့် တန်ဖိုးနည်း ဖုန်းကဒ်များကို ဟန်းဆက်များနှင့် တွဲဖက်ယူပါက ဟန်းဆက် တန်ဖိုး ၄ သောင်းအထိ အကြွေး စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ၄ သောင်းကျော်ပါက အဆိုပါငွေပမာဏကို တစ်ခါတည်းပေးဆောင်ရ မည်ဖြစ်သည်။
ထို့အပြင် ၂ သိန်းတန်ဖိုး ဖုန်းကဒ်ကို ကျပ် ၈၀ဝ၀ဝ အရင် ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသော ငွေပမာဏကို ၆ လအတွင်း ပေး ဆောင်ရမည့် စနစ်လည်းရှိသည်။ ဝန်ဆောင်ခအနေဖြင့် ဝယ်ယူသည့် ငွေပမာဏပေါ် မူတည်၍ အတိုးနှုန်းပေးဆောင်ရမည်ဖြစ်သည်။
http://www.yoyarlay.com/
0 comments:
Post a Comment