ဒီတစ်ပတ်8 DAYSပရိ သတ် အတွက် တင်ဆက်ပေးချင် တဲ့ ရိုက်ကွင်း ကတော့ ဒါရိုက်တာ ဗန်းကြီး ရိုက်ကူး ပုံဖော် ပြီး မြင့်မြတ်၊ ကောင်းခန့်၊ ထွန်းအိန္ဒြာဗိုနဲ့ သရုပ် ဆောင် သစ် ဒေဝီ ဆူးခက်တို့ သရုပ် ဆောင်ထားတဲ့ "သမုဒုယ မုန်တိုင်း" လို့ နာမည်ပေး ထားတဲ့ ဒရာမာ ဇာတ်ကားရဲ့ ရိုက်ချက်များနဲ့ ဇာတ် ကောင်များ အကြောင်း ကို မေးမြန်း ခဲ့ရာ...။
ဒါရိုက်တာဗန်းကြီးဒီကားမှာ မခိုင်ကြီးက ယောကျာ်းလျာကြီး။သူ့ကိုယောကျာ်း ပေးစားတယ်။ သူက မိန်းမလိုချင် တာ။ ယောကျာ်းလိုချင်တာမဟုတ် တော့ ထွက်ပြေးတယ်။ ထွက်ပြေး ရင်း ယောကျာ်းတွေကို ဘော်ဒါလို ပေါင်းတာ။ အဲဒီမှာ ယောကျာ်းတစ် ယောက်က သူ့ကိုဖျက်ဆီးလိုက် တယ်။ ကိုယ်ဝန်ရှိသွားတယ်။ အဲဒီ ကိုယ်ဝန်ထဲက ကလေးက "ဒေဝီ ဆူးခက်" ပေါ့။ သူ့ကို မိန်းမလို့ လူ တွေက သတ်မှတ်ခြင်းခံလိုက်ရတဲ့ ဒီကလေးကို သူကမုန်းတယ်။ သမီး လို့လည်း မသတ်မှတ်ဘူး။ ပစ်ထား တယ်။ နောက်ဆုံး သူ့ကိုဖျက်ဆီး သွားတဲ့သူကိုလိုက်ရှာပြီး သတ်တာ။ အဲဒီ ကောင်မလေးကတော့ ဘဝမှာ လေလွင့်ပြီး ပျက်စီးသွားတာပေါ့။ မခိုင်ကြီးက ယောကျာ်းလျာပုံစံ မလုပ်ဖူးဘူး။ သူ့ကိုကြည့်ရတာ လည်း ယောကျာ်းလျာကြီးနဲ့တူ တယ်။ မြင့်မြတ်ကလည်း ပိုက်ဆံ ချမ်းသာပေမယ့် တစ်ကောင်ကြွက် ဖြစ်နေတာ။ အဖေကလည်း သူ့ အ ပျော်ပဲ သူရှာတော့ သူကလည်း တစ်ယောက် တည်းဖြစ်နေ တာ။ ကောင်မလေးနဲ့တွေ့ ပြီး ပေါင်းမိ သွားတော့မှ ဘဝတစ်ခုဖြစ်သွားတာ ပေါ့။ ကောင်မလေးက ဆေးစွဲပြီး ပျက်စီးထားတော့ နောက်ပိုင်းလူ ချင်းကွဲသွားတာ။ အဲဒီမှာ ကောင်း ခန့်ကားနဲ့တိုက်မိပြီး ကောင်းခန့်နဲ့ ဆုံတယ်။ နောက်ဆုံးမှာမှ မြင့်မြတ် နဲ့ ပြန်ဆုံပြီး ဇာတ်သိမ်းတာပေါ့။ ဒီကားအတွက် ထူးထူးခြားခြား တော့ မပြင်ဆင်ခဲ့ရပါဘူး။ ပရိသတ် တွေကို ပေးချင်တဲ့Message က မိဘတွေက ကိုယ့်ရင်ခွင်ထဲကို ရောက်လာတဲ့ ကလေးက ကိုယ့် ရင်သွေးပဲဖြစ်ရမှာပေါ့။ သူတို့တွေ ဥပေက္ခာပြုလိုက်ရင် ကလေးတွေ ပျက်စီးတတ်တယ်ဆိုတာကိုပြောချင် တာ။ ဇာတ်လမ်းနာမည်က "သမု ဒယမုန်တိုင်း" တဲ့။ အမှတ်တရ တော့ မရှိဘူး။ ရထားလမ်းမှာရိုက် ရတာ အားလုံးနေပူတာပဲသိတယ်။ နေတွေကလည်း အရမ်းပူ၊ Crane တွေနဲ့ ရိုက်ရတော့ အမှတ်တရ ဖြစ်သွားတယ်။
မြင့်မြတ်ဒီကားမှာ ကျွန်တော်က မိတ ဆိုးသားတစ်ယောက်ကာရိုက်တာ နဲ့ပေါ့။ အမေကဆုံးသွားတယ်။ အမေဆုံးသွားတော့ အဖေကျန် တယ်။ အဖေက လည်း ပွေတယ်၊ ရှုပ်တယ်။ ကိုယ်ကလည်း ပွေတာ ရှုပ်တာကိုမကြိုက်ဘူး။ အဲဒီမှာ ပဋိ ပက္ခဖြစ်တယ်။ အဲဒီတော့ ကိုယ့် ဘာသာကိုယ်ခွဲနေတယ်။ ခွဲနေ တော့ စိတ်ခံစားမှုအပိုင်းလေးပါတာ ပေါ့။ ကျွန်တော့်ရဲ့ ကာရိုက်တာ အရပေါ့။ အဲဒီမှာရထားလမ်းမှာ ကိုယ့်ဘာသာကိုယ် သတ်သေဖို့ ကြိုး စားနေတဲ့ လူ့လောကကို စိတ်ကုန် နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့တယ်။ သူ့နဲ့ တစ်ယောက်ကို တစ်ယောက် စိတ်ညစ်နေတဲ့သူ အချင်းချင်း ဖေးမကူညီရင်း ပတ် သက်သွားတာပေါ့။ ဒီကားမှာ ကျွန်တော်သရုပ်ဆောင်ရတာ နှစ်မျိုးလေးတော့ရှိတာပေါ့။ သူနဲ့စ တွေ့တဲ့ scene တွေ၊ ယူတဲ့အပိုင်းတွေ၊ နောက်ပြီး သူ ရှောင်သွားတော့ နိုင်ငံခြားက ပြန် လာတဲ့scene တွေ၊ ကာရိုက်တာအရ နှစ်ပိုင်းပေါ့နော်၊။ အဲဒီအတွက် အဝတ်အစား ပုံစံကွဲအောင် ဝတ်တယ်။ ပရိသတ်ကိုပေးချင်တဲ့ အဓိက Message က အခက်အခဲ တွေ အများကြီး ကြုံနိုင်တာပေါ့။ ကိုယ်မှ မဟုတ်ဘဲ လူတိုင်းမှာ အခက်အခဲတွေရှိတယ်။ ဒုက္ခတွေ ရှိတယ်။ အဲဒါတွေကို ဖြူစင်တဲ့ မေတ္တာစိတ်လေးနဲ့ဖြေရှင်းကြပေါ့။ အဲဒီလိုMessage လေးပေးချင် တာပါ။
ကောင်းခန့် ဒီကားမှာ လူငယ်လုပ်ငန်းရှင် သူဌေးအေးချမ်းဆိုတဲ့ ကာရိုက်တာ ပေါ့။ ကောင်မလေးတစ်ယောက် ကိုယ့်ကားနဲ့ တိုက်မိပြီး အတိတ်မေ့ ပြီး ရောက်လာတယ်။ ကိုယ်ဝန်ပါ လာတယ်။ ဒီကလေးနဲ့ ဒီကောင်မ လေးကို သံယောဇဉ်ရှိသွားတယ်။ တကယ်သူ့ ယောကျာ်းပြန်ပေါ်လာ တဲ့အချိန်မှာ လက်လွှတ် အဆုံး အ ရှုံး မခံနိုင်တော့ဘူး။ အဲဒီတော့ နောက်ဆုံး ဆုံးရှုံးရမယ့်အချိန်မှာ လည်း ကြည်ကြည်ဖြူဖြူထည့်ပေး လိုက်တယ်။ အဲဒီကာရိုက်တာလေး ပါပဲ။ ဒီကာရိုက်တာ အတွက် ထွေ ထွေထူးထူးတော့ ပြင်ဆင်ရတာမရှိ ပါဘူး။ အဝတ်အစားပိုင်းလောက်ပဲ ပြင်ဆင်ရတယ်။ ဒရာမာဇာတ်ကား ဆိုပေမယ့် ခပ်ပါးပါးပဲသွားထား တယ်။ ကျွန်တော့်ဘက်ကျတော့ heavy drame side မဟုတ်ဘူး။ အဓိကတော့ မင်းသမီးကာရိုက်တာ ပေါ့။ ဒီကားကို ပရိသတ်အတွက် Message အပြင်ခံစားမှုရသလေး ပေးလိမ့်မယ်လို့ထင်ပါတယ်။ ဒီ ဇာတ်လမ်းရဲ့ သဘာဝအရ Tom Boy တစ်ယောက်ရဲ့ Lifeက ဆင်း သက်လာတဲ့ ကာရိုက်တာကိုဖန်တီး ထားတာပါ။ ဒီကားမှာ အမှတ်တရ ကတော့ အိပ်မက် မက်ပြီးကလေး ကို ပြန်မပေးနိုင်ဘူးဆိုတဲ့ အခန်း ပေါ့။ အဲဒါကတော့ Heavy ပေါ့။
အကယ်ဒမီထွန်းအိန္ဒြာဗို ဒီကားကတော့ သရုပ်ဆောင် ညီမလေး ဒေဝီဆူးခက်က သူ သ ရုပ်ဆောင်ဖြစ်ဖို့အတွက် ထုတ် ရိုက် တဲ့ ကားလေးပါ။ ဒါရိုက်တာအနေ နဲ့ကလည်း ဒီညီမလေးရဲ့ အရည် အချင်းကိုပြခွင့်ရဖို့အတွက် ဇာတ် ကားလေးဖန်တီးပြီး ရိုက်ဖြစ်တဲ့ အတွက် ဒီညီမလေးအခန်းများ တယ်။ ကျွန်မအခန်းကတော့ နည်း ပေမယ့် အရေးကြီးတဲ့ အခန်းတွေ ဖြစ်တယ်။ ကျွန်မလည်း ပါဝင်ပံ့ပိုး ခွင့်ရတာပေါ့။ ကျွန်မကတော့ ဒီ ကားထဲမှာ Tom Boy ပါ။ ယောက်ျားလျာ မိန်းမကြီးတစ်ယောက်ပေါ့။ ဇာတ်ကွက်တွေကလည်း လုပ် ခွင့်ရတဲ့ ဇာတ်ကွက်တွေပါပဲ။ ပြော ပြဖို့တော့ ခက်တယ်။ ကြိုးစားအား ထုတ်မှုမှာ နည်းနည်းခက် ခဲတာ တစ်ခုက Tom Boyဇာတ်ရုပ်လေး ပီပြင်အောင်တော့ ကြိုးစားရတယ်။ အဲဒါတစ်ခုပါပဲ။ ကျန်တာကတော့ ကျွန်မအတွက် ဘာမှ အခက်အခဲ မရှိပါဘူး။ ကျွန်မရဲ့ ဆံပင်တွေက တော့ အရွယ်သုံးပါးပုံစံဆိုတော့ ဆံပင်တုတွေပဲ သုံးထားတယ်။ ဒီ ကားက မိဘမေတ္တာလို့ပြောလို့ရ ပေမယ့် မိဘမေတ္တာတစ်ခုတည်းမဟုတ်ပါ ဘူး။ သူပေးချင်တMessageက ဖျော်ဖြေမှုလည်းရမယ်။ ဒရာမာ ကောင်းကောင်းလေးတစ်ခုလည်း ရမယ်။ အစ်မအတွက် အမှတ်တရ ကတော့Tom Boyဇာတ်ရုပ်ပေါ့။
ဒေဝီ ဆူးခက်ဒီကား နာမည်က "သမုဒယ မုန်တိုင်း" သံယောဇဉ်တွေကြားထဲ ကဖြစ်ပျက်နေတဲ့ ဒရာမာကားလေး ပေါ့။ ငယ်ငယ်ကတည်းက ကိုယ်က မိဘတွေက မလိုချင်ဘဲ ရခဲ့တဲ့ က လေးဆိုတော့ ကိုယ့်ကို ပစ်ထားတာ ပေါ့။ အဲဒီမှာ ကိုမြင့်မြတ်နဲ့ နှစ် ယောက်ဆုံပြီး နှစ်ယောက်တစ်ဘဝ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ဆေး ရုံတက်ရင်းနဲ့ Accident ဖြစ်ပြီး မ မျှော်လင့်ဘဲ ကွဲသွားတယ်။ အဲဒီမှာ ကိုကောင်းခန့်နဲ့တွေ့တယ်။ အဲဒီမှာ အတိတ်မေ့ပြီး မြင့်မြတ်ကို မမှတ်မိ တော့ဘူး။ နောက်ဆုံး ကိုမြင့်မြတ်နဲ့ ပြန်တွေ့ပြီး ပြန်ပေါင်းတဲ့ ဒရာမာ ကားလေးပေါ့။ အရင်ကတော့ နာ မည်အရင်း နန်းကလျာအနေနဲ့ Photo Model လုပ်ခဲ့တယ်။ အခု တော့ ဒီအနုပညာလောကထဲကို ထဲ ထဲဝင်ဝင်လုပ်ဖို့ ဒေဝီဆူးခက်လို့ ပြောင်းလိုက်တာပါ။ ဒီကားမှာ အ မှတ်တရကတော့ ကိုကောင်းခန့်နဲ့ မက်တဲ့ အိပ်မက်ပေါ့။ အဲဒီ Scene မှာ ကလေးပါတော့ ကလေးက အိပ်ချင်မူးတူးဖြစ်နေတာ။ အဲဒီမှာ ကလေးကို ချီပြီး ဝင်သွားတော့ ကိုမြင့်မြတ်နဲ့ ကိုကောင်းခန့်က ရန် ဖြစ်တာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အော်ကြတဲ့အခန်းမှာ ကလေးက လန့်ပြီး ငိုသွားတာ ဘယ်လိုမှထိန်းလို့မရတော့ဘူး။ အချိန်လည်း တော်တော်ကြီးသွား တယ်။ အဲဒါကတော့ အမှတ်တရ ပါပဲ။
http://www.yoyarlay.com
0 comments:
Post a Comment