ဒီနည်းတွေပြုလုပ်ဖို့ စက္ကန့်အနည်းငယ်၊ မိနစ်အနည်းငယ်မျှသာလိုပါ တယ်။ ဒီလောက်နည်း လွန်းတဲ့အချိန်လေးပေးရုံနဲ့ ကျန်းမာရေး ကောင်းစေနိုင် တယ်ဆိုရင် အံ့ဩကြမယ်ထင်ပါရဲ့။
၁. မှတ်ဉာဏ် ထက်သန်ဖို့ဆိုရင်ဆိတ်ငြိမ်မှုရှိအောင်လုပ်ပါ
နောက်တစ်ခါ အလုပ်တစ်ခုလုပ်ဖို့ အာရုံစူးစိုက် ရတော့မယ်ဆိုရင် ကက် ဆက်ခွေတွေ၊ တီဗီတွေပိတ်ပြီး တိတ် ဆိတ်မှု ရှိအောင် အရင်လုပ်ပါ။ ဆိတ် ငြိမ်အေးချမ်းတဲ့နေရာမှာ အလုပ်လုပ်ပါက ကိုယ်နှစ်သက် တဲ့သီချင်း ကို ဖွင့်ကာ အလုပ်လုပ်တာ ထက်စာရင် အချက် အလက်သစ်တွေ၊ အသေး စိတ်တွေကို ပိုမှတ်မိလွယ်ပါတယ်။
ပိုပြီးလည်း အလုပ် ပြီးပါတယ်။လေ့လာ ချက်တစ်ခုအရ မှတ်ဥာဏ် စစ်ဆေးမေးခွန်း လွှာဖြေဆိုရာ မှာရော့ခ်သီချင်း ဒါမှမဟုတ် ဂန္ထဝင် သီ ချင်းတွေ ဖွင့် နားထောင်ပြီး ဖြေဆို တဲ့ ကျောင်းသားတွေထက်စာရင် တိတ် ဆိတ်တဲ့နေ ရာမှာ ဖြေဆို တဲ့ကျောင်းသား တွေက အမှတ်ပိုကောင်းတာတွေ့ရပါ တယ်။
ဘာကြောင့်လဲသီချင်းတွေဆီက ပျံ့လွင့်လာတဲ့ အသံမျိုးစုံက ဦးနှောက်ကို သွားနှောင့် ယှက်ကာ အချက်အလက်မှတ်ယူရာနဲ့ အာရုံစူးစိုက်ရာမှာ အနှောင့်အယှက်ဖြစ် ဆူ ညံနေတာကြောင့် စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောတွေ ထွက်လာကာ ပိုပြီး အာရုံစူးစိုက်ရခက်ခဲတတ်ပါတယ်။
ဆိတ်ငြိမ်မှုမရှိပါက ဘောပင်နဲ့ လျှောက်ခြစ်ပါလေ့လာချက်တစ်ခုအရ အချက် အလက်တွေ ပါဝင်တဲ့ တိပ်ခွေတစ်ခွေ ကို နားထောင်စေခိုင်းရာ စာရွက်ပေါ် ဘောပင်နဲ့ ဟိုဟိုဒီဒီလျှောက်ခြစ်ပြီး နား ထောင် သူတွေဟာ မခြစ်သူတွေထက်စာ ရင်၂၉ ရာခိုင်နှုန်း ပိုပြီးမှတ်မိတာတွေ့ရ ပါတယ်။ စာရွက်လွတ်ပေါ် အရုပ်လျှောက် ဆွဲ၊ ဟိုဟိုဒီဒီလျှောက်ခြစ် တာက လွင့် နေတဲ့အာရုံတွေကို စုစည်းစေတာကြောင့် ပိုပြီးမှတ်မိရတာပဲဖြစ်ပါတယ်။
၂. အစာလျှော့စားရန်လက်ဖက်စိမ်းရေနွေးကြမ်းသောက်ပါ
နောက်တစ်ခါအစာစားပြီးလို့ အချိုတည်းချင်တဲ့ အာသီသဖြစ်ပေါ်လာပါက Green Tea တစ်ခွက်သာ သောက်လိုက်ပါ။ အစာစားချင်စိတ်ကို ရပ်တန့်သွားစေ ပါလိမ့်မယ်။ လေ့လာချက်တစ်ခုအရ အစာစားပြီးတိုင်း Green Tea သောက် သူတွေဟာ ရိုးရိုးရေသောက်သူတွေထက် စာရင် ဗိုက်ပိုပြည့်သလို ခံစားရပြီး အစာ ထပ်ပြီးတောင့်တစိတ် ပိုလျော့နည်းတာ ကို တွေ့ရပါတယ်။
ဘာကြောင့်လဲလက်ဖက်စိမ်းရေနွေးကြမ်းမှာပါရှိ တဲ့ ဓာတ်တွေက လျှာပေါ်ရှိ အရသာခံ အစိတ်အပိုင်းလေးတွေကို ခဏတာ ထုံထိုင်းစေတာကြောင့် အရသာခံပြီး စားလို စိတ်တွေ ခဏလျော့နည်းတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Green Tea က သွေးတွင်းသကြားပမာဏကိုလည်း ထိန်းညှိပေးပါသေးတယ်။
OolongTea နဲ့အဆီစုပ်ယူမှု ဟန့်တားပါ
OolongTea ကို စူပါမားကက် တချို့မှာ ဝယ်လို့ရပါတယ်။ လေ့လာချက် အရ OolongTea သောက်ပြီး အာလူး ကြော်စားသူတွေဟာ လက်ဖက်ရည် အမျိုးအစား မဟုတ်တဲ့ အအေးသောက် ကာ အာလူးကြော်စားသူတွေထက်စာရင် အစားအစာမှ အဆီစုပ်ယူမှု တစ်ဝက်ခန့် လျော့နည်းနေ တာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်ဖက် ရည်မှာ ပါရှိတဲ့ Polyphenol ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲ အဆီစုပ်ယူမှုကို ဟန့်တားစေ နိုင်တဲ့ အစွမ်းရှိတာကြောင့်ပါ။
၃. နာကျင်မှုသက်သာစေဖို့လက်တွဲထားပါ
ဓမ္မတာလာခြင်းကြောင့် ကြွက်သား တွေ နာကျင်ကိုက်ခဲနေပါသလား။ ခေါင်းကိုက်၊ ခေါင်းခဲနေပါသလား။ သင့် အမျိုးသားပဲဖြစ်ဖြစ်၊ သင့်ရင်သွေးပဲဖြစ် ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် သင်ချစ်ခင်ရ သူတွေရဲ့ လက်ကို ဆုပ်ကိုင်ထားလိုက်ပါ။ သင်ခံစားနေရတဲ့ဝေဒနာတွေ ချက်ချင်း သက်သာပျောက် ကင်းသွားတာ ကို တွေ့ ရပါလိမ့်မယ်။ လေ့လာချက်အရ အမျိုး သမီးတွေရဲ့ လက်မောင်းကို အပူပေးတဲ့ အခါ ချစ်သူတွေရဲ့ လက်ကို ကိုင်ထားသူ အမျိုးသမီးတွေဟာ သူစိမ်း ဒါမှမဟုတ် လက်ညှစ်ဘောလုံးတစ်လုံးကို ကိုင်ထား သူတွေထက် နာကျင်မှုခံစားရမှု လျော့ နည်းလာတာ ကို တွေ့ရပါတယ်။
ဘာကြောင့်လဲသင်ချစ်တဲ့သူကို ထိတွေ့ရပါက သင့်ခန္ဓာကိုယ်ထဲမှာ သံယောဇဉ်ဟော် မုန်းအောက်ဆီတိုဆင် (Oxytocin) ပမာဏတက်လာတတ်ပါတယ်။ အောက်ဆီတိုဆင် ပမာဏများပါက ခန္ဓာကိုယ်က နေ နာကျင်မှုသက်သာစေတဲ့ဟော်မုန်း အန်ဒိုဖင်း(Endorphin) ကို ထွက်ရှိစေ ပါတယ်။
ချစ်ရသူတွေ အနားမှာမရှိပါကကိစ္စမရှိပါဘူး။ ကိုယ်ချစ်ရသူတွေ ရဲ့ ဓာတ်ပုံကိုကြည့်တာကလည်း နာ ကျင်မှု ဝေဒနာတွေ သက်သာလျော့နည်း စေနိုင်ပါတယ်။ သင့်ကိုချစ်တဲ့၊ သင်က လည်း ချစ်ရတဲ့သူအကြောင်း စဉ်းစား တာက သင့်ကို အောက်ဆီတိုဆင်နဲ့ အင်န်ဒိုဖင်းဟော်မုန်းပမာဏတွေ တက် စေနိုင်ပါတယ်။
http://www.yoyarlay.com
0 comments:
Post a Comment