မန်ယူ တောင်ပံ ကစားသမား ဗလင်စီယာမှာ ရာသီကုန်တွင် ပြုလုပ်ရန် စီစဉ် ထားသည့် သူ၏ ခြေကျင်းဝတ် ဒဏ်ရာခွဲစိတ်ကုသမှုအား အီကွေဒေါ အသင်း၏ ပွဲစဉ်များတွင် ပါဝင် ကစားရန် အတွက် အချိန်ရွှေ့ဆိုင်းရန် ရှိနေကြောင်း သိရသည်။ အီကွေဒေါ အသင်းမှာ ဇွန်လ အစောပိုင်းတွင် အာဂျင်တီးနား နှင့် ကိုလံဘီယာ အသင်းများနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားရန် ရှိနေပြီး အသင်း နည်းပြ ရူဒါမှ ဗလင်စီယာအား အဆိုပါ ပွဲစဉ်များတွင် ပါဝင် ကစားပေးစေလို နေကြောင်း သိရသည်။ ရိမ်းဂျား အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ရရှိခဲ့သည့် ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဘောလုံး ကစားခြင်းမှ (၆)လကြာ အနားယူ ခဲ့ရသည့် ဗလင်စီယာမှာ ယခုချိန်ထိ ဒဏ်ရာ အရှင်းမပျောက်ကင်းသေးပဲ ယခုနှစ် ရာသီကုန်တွင် ခွဲစိတ်ကုသမှု ပြုလုပ် စီစဉ်ထားသူ ဖြစ်သည်။ သို့သော်လည်း သူ၏ အစီအစဉ်မှာ အီကွေဒေါ အသင်း နည်းပြ၏ တောင်းဆိုမှုကြောင့် အချိန်ရွှေ့ဆိုင်းရရန် ရှိနေသည်။
http://www.yoyarlay.com






Kuala Lumpur Time

0 comments:
Post a Comment