http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 Apr 2012

ရွှေတိဂုံ ကန်ထရိုက် ဝန်ဆောင်မှု သတ်မှတ်နှုန်း ထက်ပိုကောက်လျှင် တိုင်ကြားနိုင်


ရွှေတိဂုံ ကန်ထရိုက် ဝန်ဆောင်မှု သတ်မှတ်နှုန်း ထက်ပိုကောက်လျှင် တိုင်ကြားနိုင်
ရွှေတိဂုံစေတီ အဝင်မုခ်ဝများရှိ ကန်ထရိုက်စနစ် ပြန်ကောက် ခံနေသော ဖိနပ်အပ်ကောင် တာများ၊ ရေအိမ်များမှ ဝန်ထမ်းများ မချေမငံ ဆက်ဆံ ပါက တာဝန်မှူး ရုံးခန်းသို့ တိုင်ကြားနိုင်ပြီး အရေးယူဆောင် ရွက်လျက်ရှိသည်။
”ဂေါပကအဖွဲ့က သတ်မှတ် ထားတဲ့ ငွေကြေးထက် ပိုကောက် တာ၊ ဘုရားဖူးဧည့်သည်ကို မချေမငံ ဆက်ဆံပြော ဆိုတာမျိုး ရှိလို့လာပြီး တိုင်တာတွေကို ကန်ထရိုက်ကတစ်ဆင့် ဒဏ်ငွေရိုက်ပြီးအရေးယူပါတယ်”ဟု ရွှေတိဂုံစေတီ အလှည့် ကျ တာဝန်မှူး တစ်ဦးက ပြောသည်။ ရွှေတိဂုံစေတီ ပရိဝုဏ်အတွင်း ရှိ လုပ်ငန်းများကို အများအားဖြင့် ကန်ထရိုက်စနစ်ဖြင့် ပေးထားပြီး နှစ်တစ်နှစ်ကုန်ဆုံးပါက လျှို့ဝှက် တင်ဒါစနစ်ဖြင့် လေလံခေါ်ယူကာ လုပ်ငန်းတစ်ခုစီအပေါ် ငွေကြေး ပိုပေးနိုင်သူအား ကောက်ခံခွင့်ပေး ခဲ့သည်။ ”လာတိုင်တဲ့သူ တစ်ဦးဆိုရင် ဖိနပ်နှစ်ရံကိုတစ်အိတ်ထဲပေါင်းထည့် လို့မရတဲ့ အပြင် ပြား ငါးဆယ်တန် အိတ်တစ်အိတ်ကို တစ်ရာတောင်း လို့တဲ့။ ဒါမျိုးတွေကအစ အရေးယူ ပေးပါတယ်”ဟု ၄င်းကဆိုသည်။
ဒဂုံမြို့နယ်တွင် နေထိုင်သူ ဘုရားဖူးတစ်ဦးက ”စကားပြောတာ က မောက်မာတဲ့အပြင် ပိုက်ဆံကို ပုံးထဲ  ဆောင့်ထည့်တယ်။ ပြန်အမ်း တော့လည်း ဆောင့်ဆောင့်အောင့် အောင့်နဲ့။ လက်ထဲကို ထိုးထည့်လိုက် တာ။ အရှေ့ဘက်မုခ်နဲ့ မြောက်ဘက် မုခ်က ပိုဆိုးတယ်”ဟု သူကြုံတွေ့  ခဲ့ရသည်ကို ပြောပြသည်။ ရွှေတိဂုံဘုရားပရိဝုဏ်၌ ထိုသို့ ဖိနပ်အပ်ခ ကောက်ခံခြင်း၊ရေအိမ်များ ဝန်ဆောင်မှုပေးခြင်းစသည့် ကန်ထရိုက် စနစ်လုပ်ငန်းများကို ပြီးခဲ့သည့် ၂ဝဝဝ ပြည့်နှစ် မတိုင်မီကတည်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 
yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif