မိဘများနှင့် စကားများ၍ လေးလွှာ တိုက်ခန်း ဝရံတာပေါ်မှ ခုန်ချသေဆုံးမှု သင်္ဃန်းကျွန်းတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သိရ သည်။ သေဆုံး သူမှာ သင်္ဘောလိုက် ရန်အတွက် ဒေါပုံမြို့နယ်ရှိ ရေ ကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦး စီးဌာနတွင် သင်္ဘောဒေါက်တင် သင်တန်း တက်ရောက်နေသော အသက် ၂၇ နှစ်အရွယ်ရှိ ကို…. ဆိုသူဖြစ်သည်။
၎င်းသည် နေအိမ် သို့ နောက်ကျမှ ပြန်လာသည့် အတွက် မိဘများက ဆူပူကြိမ်း မောင်းခဲ့ရာ စိတ်ဆိုးကာ ၄င်းနေ ထိုင် ရာ ဇ/မြောက်ရပ်ကွက်၊ သုမင်္ဂ လာလမ်းရှိ လေးလွှာအမြင့် တိုက် ခန်းပေါ်မှ မိဘများမရှိခိုက် ခုန်ချခဲ့ ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ သိရသည်။ ”တိုက်ပေါ်က ခုန်ချတာ။ အောက်ကို ကျလာတော့ သမံ တလင်းနဲ့ ခေါင်းရိုက်မိပြီး သွေးတွေ ထွက်လာလို့ ဆေးရုံကို ပို့ပေမယ့် ဆေးရုံရောက်တော့ ဆုံးသွား တယ်” ဟု အဆိုပါ တိုက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။ဧပြီ ၂ဝ ရက်ကဖြစ်ပွားခဲ့သည့် တိုက်ပေါ်မှ ခုန်ချသေဆုံးမှု အား သင်္ဃန်းကျွန်းရဲစခန်းမှ သေမှု သေခင်း အမှတ် (၁၂/၁၂) ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ် ဆေးလျက်ရှိသည်။
yoyarlay.com/local-news
0 comments:
Post a Comment