http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Apr 2012

ဆွီဒင်သည် ငွေစက္ကူ လုံးဝမသုံးသည့် ကမ္ဘာ့ပထမဆုံး တိုင်းပြည် ဖြစ်လာနိုင်


ဆွီဒင်သည် ငွေစက္ကူ လုံးဝမသုံးသည့် ကမ္ဘာ့ပထမဆုံး တိုင်းပြည် ဖြစ်လာနိုင်၁၆၆၁ ခုနှစ်တွင် ဥရောပ တိုက်၌ ပထမဆုံး အဖြစ် ငွေစက္ကူ စတင် သုံးစွဲ ခဲ့သော ဆွီဒင်နိုင်ငံသည် ကမ္ဘာ့ ပထမဆုံး ငွေစက္ကူ လုံးဝမသုံးသည့် နိုင်ငံ ဖြစ်လာ နိုင်ကြောင်း မတ်လ ၂၀ရက်နေ့ မီဒီယာများက ဖော်ပြသည်။
ယခုအခါ ဆွီဒင်စီးပွား ရေး၌ ငွေစက္ကူနှင့် ငွေဒင်္ဂါးများ သုံးစွဲမှုများမှာ သုံးရာခိုင်နှုန်း သာ ရှိတော့သည်ဟု ဆို သည်။ ယင်းကြောင့် ဘဏ် ဓားပြ တိုက်မှုများ လျော့ကျသွားသော်လည်း ဆိုက်ဘာ ပြစ်မှုများ တိုးပွား လာခဲ့သည် ဟုဆိုသည်။
ကမ္ဘာကျော် ABBA တေးဂီတအဖွဲ့ဝင် ဘီဂျွန်းအာဗေးယက်စ် ကိုယ်တိုင်က သူ၏သားဖြစ်သူ သုံးကြိမ်တိုင်တိုင် ဓားပြတိုက်ခံရပြီးနောက် ဆွီဒင်နိုင်ငံကို ငွေစက္ကူ လုံးဝမသုံးသည့် နိုင်ငံဖြစ်လာရေး လှုပ်ရှားမှုများအား ဦးဆောင် လျက်ရှိ ကြောင်းသိရသည်။
အာဗေးယက်စ်က ငွေစက္ကူနှင့် ငွေဒင်္ဂါးများကို ဒီဂျစ်တယ် ငွေကြေး စနစ်ထက် ပို၍နှစ်သက်နေသူ များကို စိတ်ပျက်လျက်ရှိပြီး နည်းပညာ အဆင့်မြင့်နိုင်ငံအဖြစ် စတင်ပုံသွင်းရတော့ မည်ဟုဆိုသည်။
ယခု လက်ရှိ၌ပင် ဆွီဒင် နိုင်ငံ၏ မြို့ကြီး အများစုတွင် အများ ပြည်သူသုံး ဘတ်စ်ကားများ၌ ငွေစက္ကူများပေးခြင်းကို လုံးဝလက်မခံတော့ဘဲ ကြိုတင်ငွေပေးကတ် (သို့မဟုတ်) ဖုန်းမက်ဆေ့ခ်ျဖြင့် ဝယ်ယူခြင်းကိုသာ ခွင့်ပြုတော့သည်ဟုဆိုသည်။
ပမာဏ နည်းသေးသော်လည်း လုပ်ငန်းများ၌ ကတ်ကိုသာ အသုံး ပြုမှုများ ကြီးထွားလာနေပြီး အီလက်ထရွန် နစ်စနစ်ဖြင့် ငွေကြေးလွှဲပြောင်းပေးသော ဘဏ်များ အနေဖြင့်လည်း ငွေစက္ကူများ ကိုင်တွယ်ခြင်းကို ရပ်ဆိုင်းသင့်ပြီဟုဆို သည်။
ဆွီဒင်နိုင်ငံတောင်ပိုင်း ကားလ်ရှန်း ရှိ ကားလ်ဂူးစတက် ခရစ်ယာန်ကျောင်း ဆိုလျှင် ဆုတောင်းဝတ်ပြုရန် လာသူများအား ငွေစက္ကူဖြင့် လှူဒါန်းခြင်းအား လက်မခံတော့ဘဲ ခရက်ဒစ် ကတ်များ အသုံး ပြု မှုကိုသာ လက်ခံတော့သည်ဟု ဆိုသည်။                                    http://www.yoyarlay.com   

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif