မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေ မြို့နယ် ၊ သံလျှက်မော် အရှေ့ရပ်ကွက်၊ မဲရုံ အမှတ် (၉) ရှိ ဆန္ဒမဲပြားများတွင် ရွေးကောက်ပွဲ ကော်မရှင် တံဆိပ် မပါသဖြင့် မဲပေါင်း နှစ်ထောင်ကျော်ကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်လိုက်၍ အဆိုပါ မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ဗဟို ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြား ထားကြောင်း မန္တလေးမြို့တွင် ရှိသော The Voice weekly သတင်းထောက်က သတင်း ပေးပို့သည်။
မဲရုံမှူးက မဲပြားများကို ဆုတ်ဖြဲပေးရာတွင် လက်လွန်သွားသဖြင့် ရွေးကောက်ပွဲ ကော်မရှင် အမှတ်တံဆိပ် ပါသွားခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။ "မဲပြားမှာ ခေါင်းစဉ် မပါတာက တမင်တကာ လုပ်တာမဟုတ်ပဲနဲ့ ရိုးရိုးသားသား မှားတာ ဖြစ်တဲ့အတွက် ပယ်မဲ မလုပ်ဖို့ တောင်းဆိုသွားမယ်လို့ မဲရုံမှူးက ပြောတယ်" ဟု ၄င်းက ထပ်မံ ပြောကြားသည်။ http://www.yoyarlay.com
0 comments:
Post a Comment